Thursday, June 27, 2013

Shuame Root V1.2.1

တရုတ်ဖုန်း/Tablet တော်တော်များများကို Root လုပ်ပေးနိုင်တဲ့ Shuame Root v1.2.1 ကိုတင်ပေးလိုက်ပါတယ်။ တရုတ်ထုတ်ဖုန်း/Tablet တွေတင်မဟုတ်ပါဘူး ၊ အခြား LG/HTC/Samsung စတဲ့ ဖုန်းတော်တော်များများကိုလည်း ဒီ Tool လေးကိုအသုံးပြုပြီး root လုပ်နိုင်ပါတယ်။ Root လုပ်ရုံတင်မဟုတ်ပါဘူး ။ Bootloader mode ထဲဝင်တာတို့ ၊ recovery mode ထဲဝင်တာတို့ ၊ ဖုန်းရဲ့ Pattern lock ကိုဖြုတ်တာတို့ကိုပါလုပ်ဆောင်ပေးနိုင်ပါသေးတယ်။Shuame Root v1.2.1 ကိုအောက်က link မှာရယူပါ။
Shuame Root ကိုအသုံးပြုပြီး Root လုပ်ဖို့အတွက် ကွန်ပျူတာမှာ မိမိရဲ့ ဖုန်းအမျိုးအစားအလိုက် Driver သွင်းထားဖို့လိုပါတယ်။ အောက်မှာ ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ driver ကိုရွေးချယ်ရယူပါ။

Mobile Driver အားရယူရန်


Driver ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ Driver ကို install လုပ်ထားပါ။
ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.2.1 ကို ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။



အောက်ပါအတိုင်းပေါ်လာပါမယ်။ ပြီးရင်ဖုန်း/Tablet ရဲ့ Setting > Developer Option ထဲက USB Debugging ကို enable လုပ်ထားပြီး ဖုန်း/Tablet ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့ ခလုတ်ကိုနှိပ်ပါ။


ဖုန်း Driver ကိုကွန်ပျူတာမှာသွင်းထားပြီး USB Debugging Setting ကို On ခဲ့တယ်ဆိုရင်တော့ Root လုပ်ဖို့ Alert box လေးပေါ်လာရင် next လုပ်လိုက်ရုံပါပဲ ။ Root လုပ်ရတာကလည်းအရမ်းလွယ်ပါတယ်။
ဖုန်းမှာ Super User (သို့) SU လို့ရေးထားတဲ့ icon လေးတွေ့ပြီဆိုရင်တော့ root process အောင်မြင်ပြီလို့ပြောလို့၇ပါပြီ။
ကိုယ့်ရဲ့ ဖုန်း/Tablet က root ဖြစ်မဖြစ်ကိုတော့ root checker လို android app ကိုသုံးပြီးစစ်ဆေးကြည့်နိုင်ပါတယ်။

creadit to : myanmarmobileapp.com