networking အကြောင်းလေ့လာလိုလျင်ဒီနေရာလေးမှာလေ့လာနိုင်ပါတယ်

သင့်မော်နီတာကိုအချိန်ကြာမြင့်စွာကြည့်နိုင်အောင်ဒီဆော့ဝဲလေးကိုသုံးကြည့်ပါ

စာအုပ်တွေကို ဒီနေလေးမှာလေ့လာနိုင်ပါတယ်

မိုဘိုင်းနဲ့ ပက်သက်ရင် ဒီနေလေးမှာလေ့လာအကူအညီတောင်းနိုင်ပါတယ်

Showing posts with label Buddha စာပေ. Show all posts
Showing posts with label Buddha စာပေ. Show all posts

Monday, September 15, 2014

Dhamma Droid (v.2.2.4) For Android

တရားဓမ္ဓတော်များကိုဖတ်ရှုချင်သူများနဲ့ပူဇော်လိုသူများအတွက်အဆင်ပြေမဲ့Apkတစ်ခုတင်ပေးလိုက်တယ်တရာတော်များကတော့

  ပရိတ်ကြီး ၁၁ သုတ်
  ပဌန်း တရားတော်
  ဂုဏ်တော်များ + ရှစ်ပါးသီလ
  ဂုဏ်တော်ကွန်ချာ
ဓာရဏ ပရိတ်တော်
ဓမ္မစကြာ+အနတ္တလက္ခဏသုတ်
မဟာသမယသုတ်
မတ္တာပို့
အမျှဝေ တို့ပဲဖြစ်ပါတယ်mp3 အနေဖြင့်နာယူပူဇော်ချင်များအတွက်ပါအလွယ်တကူဒီapkထဲမှာတွင်ဒေါင်းယူနိုင်ကာapkထဲတွင်ပါသောplayerဖြင့်အစဉ်လိုက်တရားနာယူနိုင်မှာဖြစ်ပါတယ်ကဲလက်လွတ်မသွားရအောင်အောက်လင့်မှာအမြန်ဒေါင်းယူလိုက်ပါ😃😃ဖိုင်ဆိုက် 4mbလောက်သာရှိပါတယ်။။

>>> https://db.tt/pPDuDde5 <<<

(၂၄) ပစ္စည်း Apk For Android

မဟာပဌန်း(၂၄)ပစ္စည်းမြတ်ဗုဒ္ဓရဲ့အနက်အဓိပပါယ်ကိုလေ့လာချင်သူများမသိသောသူများအတွက်အနက်အဓိပ္ပာယ်ကိုအလွယ်တကူဖတ်ရူနိုင်ပြီးအတိုကောက်သိရှိနိုင်မဲ့apkလေးပါ။အကျယ်အလင်းရှင်းလင်းချက်တွေကိုရုပ်ပုံနဲ့တွဲပြီးလေ့လာဖတ်ရူနိုင်ပါတယ်။ဗုဒ္ဓဗသာဝင်နေတစ်ယောက်အဖြင့်ဖတ်ရူသင့်တယ်လို့တိုက်တွန်းပါတယ်ဖိုင်ဆိုက်5Mbသာရှိပါတယ်အောက်လင့်မှာဒေါင်းယူနိုင်ပါပြီ။

>>>> https://db.tt/qcja3hBw <<<<

Tuesday, September 9, 2014

ပန်းချီ မျိုးမာန်

ဗုဒ္ဓ မြတ်စွာဘုရားရဲ့ ဘဝဇတ်ကြောင်းစာအုပ်လေးပါ ဖတ်ရှု့ချင်သူများအောက်လင့်မှာယူပါ။။

ဒေါင်းရန်.... >> https://db.tt/g37VjPmc <<

Wednesday, March 26, 2014

Why people pray Buddha

ဆင်းတုကိုးကွယ်နေလို့  ဘာအကျိုးရှိမှာလဲတဲ့လား

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကား တွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။ ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေ မေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကိုညွှန်ပြပေးခဲ့ဖို့ပဲဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

(၁) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

(၂) ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

(၃) ဥဒ္ဒိဿစေတီ…သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ် ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုး ပူဇောနိုင်တယ်။

(၄) ပရိဘောဂစေတီ…မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်း ပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိ ဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူး များပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကို ကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေး ဇူးတော် များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါ ကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူး ကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲ မှုများသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရား ဟောကြားညွှန်ပြ ခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊ သစ္စာလေး ပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့  မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။ ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါ တော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

ပြောရရင်တော့ Alarm Clock လိုပါပဲ ...
သတိမရှိပဲအိပ်ပျော်နေတဲ့ အခါ
အချိန်မှီ နိုးထနိုင်အောင် Alarm Clock လေးတွေဆောင်ထားရသလို၊

ဒါန၊ သီလ၊ ဘာဝနာ များကိုမေ့လျော်ပြီး နိုးလျက်နဲ့ အိပ်ပျော်နေတဲ့လူသားများအဖို့ ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များကိုမြင်ပြီး
သတိများကပ်၍ လောဘ ဒေါသ မောဟ များကို ထိမ်းနိုင်ရန်အဖို့သော်လည်းကောင်း၊
ကုသိုလ်စိတ်များနိုးကြားနေအောင် သော်လည်းကောင်း၊
မေတ္တာ ဘာဝနာ များပွါးများနိုင်အောင် သော်လည်းကောင်း၊
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်အောင် သော်လည်းကောင်း ဗုဒ္ဓရုပ်ပွါးဆင်းတုတော်များသည် သတိ-Alarm များပေးနေတတ်၏