networking အကြောင်းလေ့လာလိုလျင်ဒီနေရာလေးမှာလေ့လာနိုင်ပါတယ်

သင့်မော်နီတာကိုအချိန်ကြာမြင့်စွာကြည့်နိုင်အောင်ဒီဆော့ဝဲလေးကိုသုံးကြည့်ပါ

စာအုပ်တွေကို ဒီနေလေးမှာလေ့လာနိုင်ပါတယ်

မိုဘိုင်းနဲ့ ပက်သက်ရင် ဒီနေလေးမှာလေ့လာအကူအညီတောင်းနိုင်ပါတယ်

Showing posts with label စာတိုစာပေ. Show all posts
Showing posts with label စာတိုစာပေ. Show all posts

Friday, November 17, 2017

အသက် ၃၀ အရွယ်ဝန်းကျင်မှာ ဒါတွေကိုင်ပြီး ချမ်းသာချင်သူများ ဒီအချက်တွေကို လုပ်ဖြစ်အောင်လုပ်ပါ





ငွေနောက်ကိုလိုက်ပါ-ကနေ့ ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ ချမ်းသာဖို့ ကခက်ခဲလွန်းပါတယ်။ပထမဆုံးခြေလှမ်းကတော့သင့်ဝင်ငွေတိုးလာဖို့ အာရုံစိုက်ရမယ်။ ငွေတွေထပ်ခါ ထပ်ခါဝင်နေဖို့ အာရုံစိုက်နေရမယ်။ ခုငွေနောက်ကိုစလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိလာပြီး အခွင့်အလမ်းတွေကို မြင်လာမှာဖြစ်ပါတယ် မကြွားဝါပါနဲ့ ။

တိတ်တဆိတ်ကြိုးစားပါ သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့ တန်ဖိုးကြီးကားတွေ, တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့ ။ သင့်အလုပ်ကြောင့်လူသိပါစေ။သင်ဝယ်တဲ့အရာတွေကြောင့် လူမသိပါစေနဲ့ ။ ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ။ ငွေစုဖို့ အတွက်ငွေမစုပါနဲ့ ငွေစုဖို့ အတွက်တစ်ခုထဲတော့ အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။

ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကိုလူံးဝမထိပါနဲ့ ။ ဘာအတွက်မှလည်းမသုံးပါနဲ့ ။ အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့ ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။ အကြွေးယူတာကိုရှောင်ပါ-သင်ဘယ်တော့မှငွေမချေးရအောင် အကောင်းဆူံးငွေကြေးကိုထိန်းချုပ်ပါ။

စည်းကမ်းတွေသတ်မှတ်ထားပါ။ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှု အသစ်တွေပြုလုပ်ဖို့ ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့ အတွက်သာအကြွေးယူကြတာပါ။ ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ ငွေချေးကြတယ်။ ဒီတော့ ဆင်းရဲတဲ့သူတွေကပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်

ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လိုပြုမူ ဆက်ဆံပါ ငွေတွေပေါများလာပါစေလို့ ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။ ငွေကြေးပိုင်းဆိုင်ရာ လွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားပါ။ချမ်းသာဖို့ ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့ သတ်မှတ်ထားရမယ်။ ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။

သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကို ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့ တွေ့ ပြီးသင့်ကိုစွန့် ခွာကောင်းစွန့် ခွာသွားနိုင်ပါတယ်ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။ အချိန်ဇယားတွေကိုလည်းမသိဘူး။

အားလပ်ရပ်တွေကိုလည်းမသိဘူး။ ငွေက အလုပ်ကြိုးစားတဲ့သူတွေကို ချစ်တယ်။ ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာဘဲ ဘီဂတ်က ,” ဆင်းဆင်းရဲရဲနဲ့ မွေးလာတာသင့်အပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့သင့်အပြစ်ဘဲ” လို့ ပြောဖူးပါတယ်။ ၆။ အကောင်းဆုံးစိတ်ခွန်အား ပေးနိုင်သူ အကြံပေးနိုင်သူကိုရှာပါ တိုးတတ်အောင်မြင်ဖို့ ဆိုရင် မိမိကိုတွန်းအားအကောင်းဆုံးပေးနိုင်တဲ့ သူကိုရှာဖွေရမယ်။ ဒါဟာအကောင်းဆုံးနည်းလမ်းပါဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့ ။စွန့် ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။မီလျီယျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။

မူရင်းတင်သူကိုcreditပေးပါသည်။

Monday, September 15, 2014

Kabyar_0.3 apk

ကဗျာအရေးအသားကိုဖတ်ရှုလေ့လာချင်သူများအတွက်ကဗျာချစ်သောသူများအကြိုက်တွေ့စေမဲ့apkလေးတစ်ခုပါ။ ကဗျာဆရာများကတော့... မောင်စိန်ဝင်း(ပုတီကုန်း)-မင်းခိုက်စိုးသန်း-မင်းသုဝဏ်-နေမျိုး-သုခမိန်လှိုင်-ဒဂုန်တာရာ-မိုးဝေ-မောင်သိန်းဇော်-ငွေတာရီ-ပိုင်စိုးဝေ-မောင်ချောနွယ်-မောင်ဖီလာ-ဦးတိုး-ဂျူး-သစ္စာနီ-စိုးဝင်းမြင့်-သျှပ်မှုးကျော်- ဒါအပြင်အခြားသောကဗျာဆရာများစွာပါဝင်ပါတယ်ဒီapkတစ်ခုထဲမှာတွင်ကဗျာပေါင်းများစွာစုစည်းပါဝင်ပါတယ်။ ဖိုင်ဆိုက်4mbလောက်သာရှိပြီးဒေါင်းယူဖတ်ရှုချင်သူများအောက်လင့်မှာယူနိုင်ပါပြီ။

>>>> https://db.tt/FHff8YNo <<<<

Sunday, March 30, 2014

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

ရှင်မဟာရဋ္ဌသာရ

ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။



Credit>>>>http://www.mawluu.com/

Tuesday, September 24, 2013

ဖွချက်တွေကတော့ ကမ်းကုန်တယ်


ခုတလော နမည်ကြီးနေ တဲ့ Sedonar HDD ဆိုတာကြီးပါဘဲ... တကယ်တန်းတော့ လုပ်ခဲ့တာ..
3ရက်တည်း ပါ ။ သုံးရက်တည်းနဲ့  Facebook ကွန်ရက်မှာတော်တော် လေးပြန့် သွားခဲ့ပါတယ်..
ဒါနဲ့ ပတ်သက်ပြီး မြန်မာ မီဒီယာတွေက ထင်ကြေးအမျိုးမျိုးပေးပီး ပြောဆိုခဲ့တာတွေရှိပါတယ်..
တကယ်တော့ တစ်လွဲဆံပင်ကောင်းကဲ့သို သာဖြစ်ပါတယ်. ကဲ....
ဒီကိစ္စ လေးကတော့ မြန်မာ နိုင်ငံရဲ့  မီဒီယာ တွေကို ထိုးနုပ်ချက် လေးတစ်ခု ဖြစ်မယ့်အပြင်
မဆင်မခြင် အသုံးမကြမူ တွေကြောင့် တို့  မြန်မာ မီဒီယာ လောကာ ဘယ်တော့မှ တိုးတတ်မှာလဲ..
ဒီ လို ပျက်စီးနေတဲ့ တစ်လွဲဆံပင်ကောင်း မြန်မာ မီဒီယာတွေကို...
Bug Lab (BHG 2nd) မှာ အစ်ကို က ဒီလေးလေး ပညာပေးလိုက်တယ်ဗျာ.. ဖတ်ကြည့်ပါအုံး....

ဇာတ်လမ်းအစ ကတော့….
ဆီဒိုးနားသို့  taxi လည်း ရောက်ခဲ့လေတော့ ကောင်တာကိုသွားပြီး ကောင်တာက ကောင်မလေးကတော့ အပြုံးများစွာနဲ့  မိတ်ဆက်ပီး ID တောင်းတော့ Passport ထုတ်ပေးလိုက်ပါတယ်။
အကိုက မြန်မာပြည်ကို အလည် လာတာလား…
ဟုတ်.. မရောက်တာ ကြာလို့ ပေါ့…
ဘယ်နှစ်ရက်လဲ အကို
၁ ရက်တည်းပါ..
ဒီမှာ တစ်ရက်တည်းဘဲ လာလည်တာလား အကို
ဟုတ်ဘူး ညီမ ရေ .. ချောင်းသာတို့  နေပြည်တော်ကို သွားမှာလေ…
အော် ဟုတ်ကဲ့ပါ.. ရှင် ..
Key card ကို ကောင်မလေးက ပေးတော့ ယူပြီး ကိုယ့်အခန်းရှိရာသို့  ထွက်လာခဲ့တော့တယ်၊ အခန်းထဲကိုရောက်တော့ ကုတင်ပေါ်တွင် ခဏတာနားပြီး ထထိုင်မိလိုက်တယ်၊ အခန်းကိုတော့ မကြိုက်၊ အောက်သို့ ဆင်းလာခဲ့ပြီး ကောင်တာဆီသို့  ခြေဦးတည့်ခဲ့လေတော့သည်။

Hello ညီမ.. အကို အခန်း မှောင်မဲနေလို့  မကြိုက်ဘူး View လည်း မကောင်းဘူး ညီမ အခန်းပြောင်းပေးလိုရမှာလား..
အခန်းကောင်းတဲ့ အခန်းဘဲလိုချင်တယ် ညီမ ၁ ရက်တည်းနေရင်တည်း ကောင်းတဲ့အခန်းပေးပါလား အလင်းရောင်တွေ ရတဲ့အခန်းပေးပါ…
အော် အကို suite အခန်းတွေဘဲ ရှိတယ် Mini bar လည်းပါတယ်၊ Queen ရှိတယ် အကို။ View လည်းကောင်းပါတယ်။
အော် နာမည်ကြီးတွေ အဲဒီအခန်းတွေဘဲ တည်းကြတာလား
ကောင်မလေးက ပြုံးလိုက်ပီး .. အင်းအကို
အေး အေး ညီမကြေငြာမှတော့ Suite ဘဲ ယူတော့မယ်ကွယ်… ကျနော့်ကို ကောင်းတဲ့အခန်းပေးနော်
ဟုတ်ကဲ့…
ကောင်မလေး အသစ်ပြောင်းပေးတဲ့ Key လေးကို ယူပီး ထွက်လာခဲ့တော့တယ်။
Service က ကောင်းတော့ မကြာပါဘူး ကျနော်ထားခဲ့တဲ့ အထုတ်အပိုးတွေ အခန်းသစ်ထဲ ရောက်လာပါတော့တယ်၊ အခန်းထဲကို ရောက်တော့မှာ အိတ်ထဲက စားပွဲတင် နာရီလေးများထဲက တစ်ခုကို ထုတ်လိုက်ပီး နေရာကောင်း အကွက်ကောင်းတဲ့နေရာ ဖြစ်တဲ့ TV အပေါ်မှာထားဖို့ ပြင်ဆင်တော့တယ်၊ TV stand နောက်မှာ power cable plug ထည့်မယ့် နေရာက ရှိနေတော့ အကောင်းဆုံးဘဲပေါ့၊
နာရီ နောက်ဘက်မှ SD Memory card ကို ကြည့်လိုက်တော့ 32 GB တဲ့.. အင်း မဖြစ်သေးပါဘူး… ဆိုပြီး Rechargeable Battery ကိုလည်း ထုတ်လိုက်ပီး USB charger ဘဲ တတ်လိုက်တော့တယ်.. အပိုပါတဲ့ 64 GB ရှိတဲ့ memory card ကို ထည့်လိုက်ပီး…record စလုပ်မိတယ်…
ကုတင်ရှိရာသို့  တက်သွားပီး သီချင်း တပုဒ်ကို အသံတိုး အသံမြင့်ကာ သီဆိုပီး ခဏကြာမှ ပြန်ထထိုင်ကာ
နာရီလေးမှ Memory card ကိုထုတ်ပြီး computer နဲ့  connect လုပ်ပြီး ကြည့်လိုက်တော့တယ်ကွယ်၊
အင်း မဆိုးပါဘူး ကောင်းသားဘဲ အသံလည်း ကြည်သားဘဲ… လို့  မိမိကိုယ်ကိုယ် ပြောလိုက်ြပီး ကိုယ်လုပ်စရာတွေလျှောက်လုပ်နေမိတယ်…
Computer ကို ပိတ်ပြီးတော့ သူငယ်ချင်းများနဲ့  ချိန်းထားတဲ့ နေရာကို ထွက်လာခဲ့တော့တယ်… ညနေပိုင်း သူငယ်ချင်းများနဲ့ သောင်းကျန်းပြီးမှာ Hotel သို့ ပြန်ခဲ့သည်၊ မနက်ပိုင်းရောက်တော့ နေပြည်တော်ကို သွားရမှာမို့  နာရီလေးကို အသာအယာ ပွတ်သတ်ပြီး…
ညီလေး ကိုကြီး ပြန်လာမယ်.. ညီလေးကို ပစ်မထားပါဘူး… ပြောပြီး
နာရီလေးကို record ကို on လုပ်.. ပြီးတော့ နေရာကောင်းတွင် ပြန်တင်ထားခဲ့ပြီး check out လုပ်ကာ နောက်တနေရာ နေပြည်တော်သို့  ခရိးဆက်ခဲ့လေသည်၊
တပတ်လောက်ကြာသောအခါ… ရန်ကုန်ပြန်ရောက်တော့ လူကလည်းခရီးဒဏ်ကြောင့် ပင်ပန်းနေတော့ ဆီဒိုးနား အရိပ်သို့ ပြန်ရောက်လာခဲ့ပီ…
ဆီဒိုးနား ကောင်တာက ကောင်မလေးကို ပြန်တွေ့ တော့
ညီမလေး ကိုယ့် Booking ထားခဲ့ Suite လေး အခန်းရတယ် မဟုတ်လား…
ဟုတ်အကို.. အကို ဖုန်းခေါ်ပီး Booking လုပ်ထားတဲ့အခန်းတော့ စနေ တနင်္ဂနွေမဟုတ်တော့ အေးဆေးရပါတယ်…
အင်း ညီမရွေးပေးတဲ့ အခန်းကိုဘဲ ကြိုက်တယ်.. ကျေးဇူး ညီမ…
အခန်းထဲသို့ အရောက်တွင် နာရီလေးကတော့ နေရာမပျက် စောင့်ကြိုနေတော့ ပင်ပန်းမူတွေ ပျောက်ကုန်ပြီး…
laptop ကို ဖွင့် SD ကတ် ကို ထုတ်ယူကာ ထည့်ကြည့်တော့… Oh Shit လို့  မိမိကိုယ်ကိုယ် ပြောမိတော့တယ်…
===============
စိတ်ဝင်စားသွားကြပြီနဲ့  တူပါတယ်.. အဲသလို ခိုးယူခဲ့တော့ မဟုတ်ပါဘူး… ကျနော် ခံစားကြည့်တာ ပါ.. ဟီး.ဟီး.. ဇာတ်လမ်းက အဲလိုတော့ မဟုတ်ပါဘူး..
အမှန်အတိုင်းပြောရရင် ဇာတ်လမ်းအစကတော့ ဒီလိုပါ…
ဇာတ်လမ်းကို မပြောခင် ၁၀ နာရီ စာရှိတဲ့ video ကို ဒေါင်းနိုင်ပါပြီ ခင်ညာ…



ကျနော် permission ကို ဖွင့်ထားလိုက်ပါပြီ
လိပ်စာကတော့ အရင်အတိုင်းပါဘဲ… private မလုပ်တော့ပါ၊ လိပ်စာမရှိသူများအတွက်…
https://docs.google.com/file/d/0B5IWeiuuAQIkYjBIdGdsTU5vV28/edit?usp=sharing ကို ကြည့်နိုင် ဒေါင်းနိုင်ပါတယ်၊



အမှန်မှာ သတင်း အစ အတင်းက ဖြစ်ပါတယ်။
ကျနော် FB ကို နားထားတာ တပတ်လောက်ကြာတော့ blackmarket အလုပ်လေးတွေ FB က ညီအကိုတွေနဲ့  စုလုပ်မယ်ဆိုပြီး လာခဲ့ပါတယ်… FB ဘ၀ သိတဲအတိုင်း စကြ ပြောင်ကြ ရစ်ကြနဲ့  အချင်းချင်းပေါ့။ ကျနော်ကတော့ ကျနော့် ယောက်ဖများ (အခင်ဆုံး လူများ) ကို စတတ်တဲ့ အကျင့်က ရှိနေတော့ SE နဲ့  ရစ်တတ်ပါတယ်.. ယောက်ဖ Computer installation လုပ်တော့ SE do မယ်လုပ်တော့ သူကို့  SE-DO-NA project prank လုပ်မယ် ဆိုပြီး Video ၁၀ နာရီကျော်ရှိတဲ့ video တစ်ခု (only black screen) တစ်ခုကို Google Doc မှာ တင်ပြီး သူ့ ကို Sedona hotel မှာရိုက်တဲ့ဟာဆိုပြီး share ပေးခဲ့တယ်။
ပြီးတော့ သူ့ နဲ့  စကားပြောဖြစ်ခဲ့ပါတယ်၊
ကျနော် - ကြည့်ပီးရင် ပြောနော်…
ယောက်ဖ = မရဖူး အစက်ဒနိုင်း တဲ့ ….. request လုပ် ထားတယ်……
(ကျနော်… သူ့ ကို permission ဖွင့်ချပေးလိုက်ပါတယ်)
ယောက်ဖ = ရပီ
မိနစ် ၂၀ ခန့် ကြာတဲ့အခါ…
ယောက်ဖ = ဘာမှမပါဖူး အသံကော ရုပ်ကော မဲမဲ ကြီး…
ကျနော် = မီးပျက်သွားလို့ ပါဂျာ ဟီး
ယောက်ဖ = ငွင် ~~ ဆေးထိုးတာ အဟုတ်မှတ်လို့  ဗြဲ တော်ဖီထော်ဖူး တွား တော့ 

အဲဒီအချိန်မှာ ယောက်ဖ သူငယ်ချင်းတစ်ယောက်က လာ တောင်းပါတယ်..
အဲဒီတော့ ကျနော်လည်း ကျနော်သူ့ ငယ်ချင်းတွေ နဲ့  သူ့ သူငယ်ချင်းတွေကို SE Entertainment အရ လုပ်မယ်လို့  စိတ်ကူးလိုက်ပီ… Troll လုပ်ဖို့  ယောက်ဖ ကို ဆွဲခေါ်လိုက်ခဲ့တယ်
ကျနော် = ယောက်ဖ လာ comment ပေး … ကောင်းတယ် မိုက်တယ်လို့ 
ယောက်ဖ = LOL
ကျနော် = ဟို ဗိုလ်မူးကြီးက ဘာညာနဲ့  မင်းသား မင်းသမီးတွေ ဗိုလ်ကြီးတွေပါတယ်ဆိုပီး စကြမယ်..
ယောက်ဖ = ဟီး
ကျနော် = Sedona မှာ သွားလုပ်ကြတဲ့ ကောင်တွေလည်း ရင်ခုန်အောင်..
ယောက်ဖ = ဟီးဟီး
ကျနော် လည်း ကျနော် status ကို timeline ပေါ်တင်လိုက်ြပီး ၃၀ ယောက်လောက်သာ ကို စကြမယ်လို့ လုပ်ပါတယ်… ကဲ လူပေါင်း ၃၀ ဘဲ ပေးမယ်.. ဘာညာပေါ့နော်..
ပထမရောက်လာတဲ့လူတွေကတော့ ကျနော် ခင်မင်တဲ့ လူတွေပါဘဲ… သူတို့ ကို ပေးပီး အသံကြားလား လို့  မေးတဲ့အခါမေး.. အရုပ်မြင်လားလို့  မေးတဲ့အခါမေးနဲ့  SE ထိုးခဲ့ပါတယ်.. အသံမကြားဘူးလို့ဆိုရင် ဘယ်ကြားမှာလဲ အတွဲတွေက ထိုင်ပီး ပုံပြင် ပြောနေကြတာ မဟုတ်တာလို့ လည်း စနောက်ခဲ့ပါတယ်.. အရုပ်ကမမြင်ရဘူးလို့ ပြောလာခဲ့လျှင် အဲဒီနေ့ က မီးပျက်သွားလို ပါ လို့  လျှောက်နောက်နေခဲ့ပါတယ်.. အဲဒါကြောင့် မဲမဲကြီးဖြစ်နေခဲ့တာလို့ …အဲဒီထဲမှာ အဆိုတော်တွေပါတယ် ခံစားကြည့်ပေါ့ လို့  အဲလို SE ထိုးခဲ့ပါတယ်…ပီးတော့ သူတို့ နဲ့ ပေါင်းပီး ကျန်တဲ့ လူတွေကို လျှောက်နောက်ခဲ့ကြတာပေါ့ (group chat တောင်ဖွင့်လိုက်သေးတယ် ဟီး "တစ်နိုင်ငံလုံးကိုဆေးထိုးမယ်" ဆိုပြီး )
.. wall ပေါ်မှာ comment တွေနဲ့  နောက်ကျန်တဲ့ သူငယ်ချင်းတွေ စိတ်ဝင်စားအောင် ပျော်စေပျက်စေပေါ့…. တကယ်လို့  ဆီဒိုးနားကို သွားခဲ့တဲ့အကို အမတို့  ရှိခဲ့ရင် ယားစိ ယားစိ ဖြစ်အောင်လို့ လဲ ပါတာပေါ့ဗျာ... Hotel ကို သွားပီး ပျက်စီးနေကြတာကို နည်းနည်းလည်း ရှိန်သွားအောင်လို့ ပေါ့၊

ကျနော်တို့  အဲလို လုပ်နေရင်း request လာလုပ်တဲ့ လူတွေများလာတော့ ကျနော် ဘယ်တစ်ယောက်ကိုမှ share မပေးတော့ပေ… များလွန်းလျှင် ကျနော်တို့  SE ခနလေးနဲ့  ပျက်သွားမှာစိုးလို့ … ကျနော်တို့  entertainment အရ ဆက်လက်ပီး ရေးကြ ကောင်းတယ် ဘာညာနဲ့  ကျန်တဲ့ သူငယ်ချင်းတွေ ယားစိ ယားစိ ဖြစ်အောင် လုပ်ခဲ့ကြတာပေါ့…

ကျနော်ဆီကို အခုအချိန်မှာ request လုပ်ခဲ့ကြတဲ့လူပေါင်း 20000+ ကျော်သွားပါပီ..

ဒီစာကို မတင်တဲ့အချိန်အထိ၊ ခင်တဲ့လူတွေ အရမ်းလာတောင်းရင် SE ထိုးပီး အကြောင်းစုံ အဖြစ်မှန်ကို ရှင်းပြခဲ့ပါတယ်.. သူတို့ လည်း ကျန်တဲ့လူတွေကို ယားစိ ယားစိ ဖြစ်အောင် လုပ်ချင်တာတဲ့ ၀ိုင်းဝန်းပီး လူပေါင်း ၇ ယောက်လောက် SE ၀ိုင်းထိုးလိုက်ကြပါတယ်..

ကျနော်တို့  အားလုံး SE ထိုးတဲ့အခါ ဆုံးဖြတ်ချက်ချပြီးသား ကျနော်တို့ လုပ်လို့  ဘယ်လူတစ်ယောက်ကိုမှ အခွင့်အရေးယူ့ပီး နာမည်ပျက်အောင် လုပ်မယ်မဟုတ်… အလုပ်သမားဝန်ထမ်းတွေလည်း မနစ်နာစေရအောင် ကျနော်တို့  အားလုံး agreement ထားခဲ့ကြပါတယ်.. ပီးတော့ အရှိန်ရလာလျှင် တလွဲ တင်ပြဖေါ်ပြတတ်တဲ့ Journal တွေကို ဆော်ကြမယ်လို့  ကျနော်တို့  ဆုံးဖြတ်ခဲ့ကြပါတယ်.. ဘာဖြစ်လို့ လဲဆိုတော့ ဘာတွေကိုဘဲ ဖြစ်ဖြစ် confirm မရှိဘဲ ဖေါ်ပြတတ်တဲ့ဟာကတော့ Media သမားများပါ… ငွေရဖို့ အတွက်ဘဲ ဘာတွေဖြစ်ဖြစ် အတင်းအဖျင်းများကို ဖေါ်ပြတတ်ကြတော့ ကျနော်တို့  အဲဒီအချိန်ထိရောက်အောင် SE ထိုးမယ်လို့  ဆုံးဖြတ်ခဲ့ပါတယ်.. ဒါမှ အဲလူတွေဟာ ဘာလဲ ဘယ်လဲ ဆိုတာ ကို ချပြမယ်လို့  လုပ်ခဲ့ပါကြပါတယ်၊

ဆီဒိုးနားဆိုဒ်လည်း နောက်တရက်ကြာတဲ့အခါ site under construction ရှိတာကို ကျနော် wall မှာ ကျနော်တို့  မဟက်ခဲ့ပါဘူးလို့  အမှန်အတိုင်း ရေးခဲ့ပါတယ်… လူတိုင်းက အမှန်အတိုင်း ရေးလျှင် မယုံတတ်ကြတဲ့ လူတွေဖြစ်တော့… သတင်းတွေကိုသာ rely လုပ်ပီး မျက်စိပိတ်ထားကြတာများတော့ အဲဒီအချိန်မှာ ပိုပီးဇာတ်ချိန်တက်သွားတာပါ…
အဲဒိအချိန်မှာ အတင်းတွေကို လိုက်လံစုဝေး တင်ပြတတ်တဲ့ သတင်း မီဒီယာသမားများဟာ ကျနော်တို့  wall ပေါ်မှာ ခြေလှမ်းစတင်တော့တာပါဘဲ… ဆီဒိုးနားကိုလည်း အသရေပျက်အောင် ဆီဒိုးနား အလုပ်သမားများနဲ့  ၀န်ထမ်းများမကောင်းသလို ခိုးရိုက်သလိုလိုနဲ့  hacking အကြောင်းကို ရုပ်ရှင်ထဲကလို တလွဲတလျှော်ကြီး confirm လိုလိုနဲ့  တင်ကြပါတော့တယ်.. ဆီဒိုးနားကတော့ သဘောထားကြီးလို့ လားတော့မသိ အဲလိုလူတွေကို တရားမစွဲ သေးပါ…ဟီး သတင်းသမားများဟာ အကြားအမြင်ရသလိုလိုနဲ့  ကျနော်ပေးခဲ့တာနဲ့  သူတို့ လည်း ကျနော်တို့  စိတ်ကူးယဉ် video လို သတင်းရေးကြပါလေရာ…





ကျနော်လည်း သူငယ်ချင်းများ comment မှ မေးလျှင် အတည်ပေါက်နဲ့  SE ထိုးထားခဲ့ပါတယ်… အဲဒီထိုးထားတဲ့ comment ကို တောင် မချန် သတင်းတွေမှာ လျှောက်ပွနေတော့ ကျနော်တို့ မှာ အူလှိ့မ်ပါရောဂျာ… ကျနော်က နောက်တာပါ..ကျနော်တို့  နောက်တာ မြန်မာနိုင်ငံတစ်ခုလုံး ယားစိ ယားစိ ဖြစ်သွားတော့ ကျနော်တို့ မှာ ထပ်ဆင့် အူလှိ့မ်ရပါလေရော…

ကျနော်တင်ခဲ့တဲ့ ၁၀ နာရီစာ Video ဟာ 51 MB ဘဲဖြစ်ပါတယ်… အခုလောက်ဆို ဒေါင်းကြည့်ခဲ့မယ်ဆိုရင်တော့ အကြောင်းစုံ သိပီး ဖြစ်ပါလိမ့်မယ်…
ကျနော်တို့  တင်တဲ့ video ဟာ Google Doc မှာသာ တင်ခဲ့ပီး private အဖြစ်ဘဲ ထားခဲ့တာဟာ လူတိုင်းကို ယားစိယားစိ ဖြစ်အောင် လုပ်ချင်လို့ ပါဘဲ။

ဒါပေမယ့် နိုင်ငံရေးသမားများကတော့ ဒီ ဆီဒိုးနားဟာ အစိုးရ မျက်နာပြောင်တိုက် လမ်းကြောင်းလွဲလို့  တစ်မျိုး ပြောဆို ပုတ်ခတ်ချတာကို တွေ့ ရတော့ သူတို့ ရဲ့  စိတ်ဓါတ်မှန်တွေကို တွေ့ ရပြန်ပါတယ်… နိုင်ငံရေးသမားဆိုတာ အစိုးရကို ပုတ်ခတ်ပြောဆိုမှ နိုင်ငံရေးသမား ဖြစ်မယ်လို့  ထင်နေကြတာ မြန်မာနိုင်ငံက နိုင်ငံရေးသမားများပေလော

မြန်မာနိုင်ငံမှ တတ်ယောင်ကားများဟာလည်း Google Drive မှ private share တဲ့ဟာကို သူများ password နဲ့  email ကို ခိုးပါတယ်လို့  အော်တဲ့ အကောင်တွေကအော်။ ဘာအဆင့်မှ မရှိဘဲ သက်သေမရှိဘဲ အော်တတ်တဲ့ကောင်တွေ မြန်မာနိုင်ငံမှာ တပုံကြီး ဖြစ်နေတာ FB မှ သက်သေပင်၊



နောက်မှ ခွေးလို ယောင်ပီး အော်တဲ့ မစူးစမ်း မဆင်ခြင်တဲ့ လူကျီးကန်းများလည်း
တွေ့ ရပြန်ပါတယ်၊


နောက်ပိုင်း လူတိုင်းစိတ်ဝင်စားမူများကို အကျင့်ယုတ်နဲ့  အခွင့်ကောင်းကို ချောင်းမြောင်းတတ်တဲ့ ကုလားများလည်း Rat တွေဖြန့်ကြတာကိုလည်း တွေ့ သလို
BHG နဲ့  မြန်မာ Hackers များ နှင့် ကျနော့်နဲ့  friend များက (ကြည့်ပီးပီ ကောင်းတယ် မိုက်တယ် လို့  ပြောတဲ့သူများ) ဖြစ်သော လူများကို မှုန်းတီးသော မနာလိုသော လူတချို့ ကလည်း ဟက်တာပါလို့  လူများကြောက်လန့် အောင် အချိန်ကုန်ခံပြီး ကျနော်တို့ ကို စွပ်ဆွဲပြောဆိုမူများလည်း ပေါ်ပေါက်ခဲ့ပါတယ်၊ မြန်မာနိုင်ငံတွင် မစားရ အမဲ သဲနှင့် ပစ်တတ်ကြတာ FB ပေါ်သို့  သူတို့  အကျင့်ပါ ပါလာတတ်တာကို တွေ့ ရပါတယ်၊



မစားရအမဲပိုက်တဲ့လူတစ်ချို့ ရဲ့  ပထမဆုံး reaction လေးများ

နောက်ပိုင်း နာဘူးမထရတော့ haters များဖြစ်သွားပီး လူများကြောက်လန့် အောင် အော်တဲ့ပုံများ


မိမဆုံးမ ဘမဆုံးမ တွေကတော့ မရခင် တမျိုးပေါ့

နာဘူးမထရလို့  ဗီဒိယို မရလို့ ဆိုလျှင် သာမန်ကလေးများကို သွားပီးချိန်းခြောက်နေကြပုံ

နာဘူးမထရလို့  ဗီဒိယို မရလို့ ဆိုလျှင် သာမန်ကလေးများကို သွားပီးချိန်းခြောက်နေကြပုံ
ကျနော်တို့ ကတော့ အဲလို attention seeker များကိုတော့ ဂရုမစိုက်ခဲ့ပါ၊ ကျနော်တို့  target ကို ထိဖို့ ဘဲ စောင့်နေခဲ့ကြပါတယ်။
ကျနော်တို့ အစ mission ကတော့ တည်းခိုပီး မဟုတ်မဟတ် လုပ်တဲ့လူတွေ မရိုးမရွ ဖြစ်အောင်ဆိုပြီး သူငယ်ချင်းများနဲ့  လုပ်ခဲ့ကြတယ်… နောက်ပိုင်းတွင် ကျနော်တို့  mission ကို Media ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို မြန်မာလူငယ်များကို ပြချင်လို့ ဘဲ
ကျနော်တို့  SE နဲ့  မြန်မာနိုင်ငံသားများ Social Media ထိအောင်အထိ လုပ်ခဲ့ကြတာပါ၊
ပီးတော့ ဘာမှ မပေးခဲ့ဘဲသူများ စိတ်တွေ မရိုးမရွဖြစ်အောင် လုပ်ခဲ့ကြပါတယ်၊
အဲလို လုပ်လိုက်မူကြောင့် ကျနော်တို့  သင်ခန်းစာ ရတာကတော့ Media သမားများဟာ ကျနော့်တို့  comment ကိုတောင် မချန် အတင်းများကို သတင်းလုပ်ပီး တင်ခဲ့ကြပါတယ်၊
ကျနော် SE လုပ်တဲ့ wall status ဖြစ်တဲ့ “Hidden cam ကို ကြောက်လို့  ကျမ စောင်ချုံပြီး အိပ်ပါရစေမောင်” ဆိုတဲ့ စာသားဟာ ကျနော်ဆိုလို ခဲ့တာကတော့ hotel မှာ အိပ်တဲ့အတွဲတွေ Sedona သတင်းကြားပီး ကြောက်သွားကြသလို SE ထိုးတာကို Video ဖိုင်မှာ ပါသွားသလိုလို မျိုးလည်း ဖေါ်ပြတာဟာ Media ရဲ့  လွန်ကျွန်မူများပင်၊

ဆီိဒိုးနားက cam ဖမ်းထားသလိုလိုမျိုး သတင်းများနဲ့  ဘာမှန်းမသိ အပြစ်တင်တတ်တဲ့ သတင်းသမားများလည်း ပိုပိုလွန်းတော့ ဆီဒိုးနား နာမည်လည်း Social Media မှာ ပါရှိလာတော့ အတင်းအဖျင်းကို အကြီးအကျယ် ဘယ်မှန်းမသိ ဝေဖန်သုံးသတ်မူလည်း မရှိဘဲ လုပ်ဆောင်လုပ်တာဟာ media ရဲ့  လွန်ကဲမှားယွန်းမူများပင်…

တိကျမှန်ကန်အောင် ကာယကံရှင်တွေကို တိုက်ရိုက် မေးမြန်းမူမရှိတဲ့ သတင်းများကိုလည်း ဖြန့် ချီခဲ့ကြတာ အများကြီး ရှိနေခဲ့ကြပါတယ်၊


Eleven ရဲ့  ဖေါင်းပွမူများ



Irrawaddy ရဲ့  ဖေါင်းပွမူများ



ပွချက်တွေကတော့ ကမ်းကုန်တယ်
ပွချက်များ..

အဲဒီအချိန်တွင် နိုင်ငံရေး အဆိုးမြင် ၀ါဒီအုပ်စုကလည်း အုပ်ချုပ်ရေးပိုင်းကို တိုက်ခိုက်ပါလေရော၊
တတ်ယောင်ကား အီးယောင်ဝါးများနဲ့  လူ့ ကျီးကန်းများလည်း မလွတ်တန်း အသားလွတ်အော် သူများနာမည်ဖျက်အောင် အော်ခဲ့ကြတာကိုလည်း တွေ့ ခဲ့ရသလို သူများဆီက တောင်းလို့  မရလျှင် ဆဲတတ် အတင်းပြောတတ်တဲ့ မစားရ အမဲ သဲ ပက်တဲ့ လူတွေကလည်း ဒုနဲ့ ဒေးပင်…
ကျနော်တို့  မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများကို နှစ်နာစေတတ်တဲ့ ကုလားလိုမျိုး စိတ်ရှိခဲ့လျှင် ကျနော်တို့ အစကတည်းက advantage ရယူနိုင်အောင် လုပ်ခဲ့မယ်ဆိုရင်လည်း နည်းလမ်းတွေအများကြီးရှိပါတယ်၊ ကျနော်တို့ ကုလားမျိုးယုတ်တွေလောက် မညစ်ပတ်ပါ၊ ညစ်ပတ်ဖို့ လည်း အစီအစဉ် လုံးဝမရှိခဲ့ပါ၊ ကျနော်တို့  SE entertainment မှာ အစကတည်းကနေ ဘယ်တစ်ယောက်မှ မနှစ်နာစေရလို့ plan မှာ ရှိခဲ့ပီးသားပါ၊ IT ပညာရှင်လေးများကလည်း ၀င်ပီး troll လုပ်တဲ့အခါမှာလည်း virus တို့  rats တို့ မဟုတ်ဘဲ
ဟာသအနေနှင့် windows 8 3GB ဖိုင်ကို တင်ပေးခဲ့ကြပါတယ်… တချို့ ဆို လက်မည်းကြီး စသည့် junk ဖိုင်များကို ဖြင့်သာ လုပ်ခဲ့ကြပေသည်၊

အခုတော့ media သမားများနဲ့  နိုင်ငံရေးသမားများ. လူ့ ကျီးကန်းများကို ဆော်ဖို့  အချိန်အခါဖြစ်သောကြောင့် ကျနော်တို့  အားလုံးပေါင်းပီး ဒီဖြေရှင်းချက်ကို ရေးချလိုက်တာပါ၊
ဤသည် ကား ကျနော်တို့ နဲ့  Se-do-nar ပင်… မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို SE ထိုးတာ Media ကို တိုက်ခိုက်ချင်လို့ သာ၊

အားလုံးကို လေးစားလျက်….
ကျနော်နဲ့  မြန်မာ IT ပညာရှင်လေးများ

~ Blink Hacker Group ~http://www.blinkhackergroup.org
Greetz to: All Myanmar Hackers & IT Guys :P

Wednesday, September 4, 2013

Why the 64-bit Version of Windows is More Secure




Most new PCs have been shipping with the 64-bit version of Windows — both Windows 7 and 8 — for years now. 64-bit bit versions of Windows aren’t just about taking advantage of additional memory. They’re also more secure than 32-bit versions.

64-bit operating systems aren’t immune to malware, but they do have more security features. Some of this also applies to 64-bit versions of other operating systems, such as Linux. Linux users will gain security advantages by switching to a 64-bit version of their Linux distribution.
Address Space Layout Randomization

ASLR is a security feature that causes a program’s data locations to be randomly arranged in memory. Before ASLR, a program’s data locations in memory could be predictable, which made attacks on a program much easier. With ASLR, an attacker has to guess the correct location in memory when trying to exploit a vulnerability in a program. An incorrect guess may result in the program crashing, so the attacker won’t be able to try again.

This security feature is also used on 32-bit versions of Windows and other operating systems, but it’s much more powerful on 64-bit versions of Windows. A 64-bit system has a much larger address space than a 32-bit system, making ASLR that much more effective.
Mandatory Driver Signing

The 64-bit version of Windows enforces mandatory driver signing. All driver code on the system must have a digital signature. This includes kernel-mode devices drivers and user-mode drivers, such as printer drivers.

Mandatory driver signing prevents unsigned drivers provided by malware from running on the system. Malware authors will have to somehow bypass the signing process through a boot-time rootkit or manage to sign the infected drivers with a valid certificate stolen from a legitimate driver developer. This makes it more difficult for infected drivers to run on the system.

Driver signing could also be enforced on 32-bit versions of Windows, but it isn’t — likely for continued compatibility with old 32-bit drivers that may not have been signed.

To disable driver signing during development on 64-bit editions of Windows, you would have to attach a kernel debugger or use a special startup option that doesn’t persist across system reboots.


Kernel Patch Protection

KPP, also known as PatchGuard, is a security feature only found on 64-bit versions of Windows. PatchGuard prevents software, even drivers running in kernel-mode, from patching the Windows kernel. This has always been unsupported, but it’s technically possible on 32-bit versions of Windows. Some 32-bit antivirus programs have implemented their antivirus protection measures using kernel patching.

PatchGuard prevents device drivers from patching the kernel. For example, PatchGuard prevents rootkits from modifying the Windows kernel to embed themselves in the operating system. If an attempt at kernel patching is detected, Windows will immediately shut down with a blue screen or reboot.

This protection could be put into place on the 32-bit version of Windows, but it hasn’t been — likely for continued compatibility with legacy 32-bit software that depends on this access.
Data Execution Protection

DEP allows an operating system to mark certain areas of memory as “non-executable” by setting an “NX bit.” Areas of memory that are supposed to hold data only will not be executable.

For example, on a system without DEP, an attacker could use some sort of buffer overflow to write code into a region of an application’s memory. This code could then be executed. With DEP, the attacker could write code into a region of the application’s memory — but this region would be marked as not-executable and could not be executed, which would stop the attack.

64-bit operating systems have hardware-based DEP. While this is also supported on 32-bit versions of Windows if you have a modern CPU, the default settings are more stringent and DEP is always enabled for 64-bit programs, while it’s disabled by default for 32-bit programs for compatibility reasons.

The DEP configuration dialog in Windows is a bit misleading. As Microsoft’s documentationstates, DEP is always used for all 64-bit processes:

“System DEP configuration settings apply only for 32-bit applications and processes when running on 32-bit or 64-bit versions of Windows. On 64-bit versions of Windows, if hardware-enforced DEP is available it is always applied to 64-bit processes and kernel memory spaces and there are no system configuration settings to disable it.”


WOW64

64-bit versions of Windows run 32-bit Windows software, but they do it through a compatibility layer known as WOW64 (Windows 32-bit on Windows 64-bit). This compatibility layer enforces some restrictions on these 32-bit programs, which may prevent 32-bit malware from functioning properly. 32-bit malware will also be unable run in kernel mode — only 64-bit programs can do that on a 64-bit OS — so this may prevent some older 32-bit malware from functioning properly. For example, if you have an old audio CD with the Sony rootkit on it, it won’t be capable of installing itself on a 64-bit version of Windows.

64-bit versions of Windows also drop support for old 16-bit programs. In addition to preventing ancient 16-bit viruses from executing, this will also force companies to upgrade their ancient 16-bit programs that could be vulnerable and unpatched.

Given how widespread 64-bit versions of Windows now are, new malware will likely be capable of running on 64-bit Windows. However, the lack of compatibility can help protect against old malware in the wild.

Unless you use creaky old 16-bit programs, ancient hardware that only offers 32-bit drivers, or a computer with a fairly old 32-bit CPU, you should be using the 64-bit version of Windows. If you’re not sure which version you’re using but you have a modern computer running Windows 7 or 8, you’re likely using the 64-bit edition.

Of course, none of these security features is foolproof, and a 64-bit version of Windows is still vulnerable to malware. However, 64-bit versions of Windows are definitely more secure.

Image Credit: William Hook on Flickr

Friday, August 16, 2013

Blogger ဘ၀ နှင့် စေတနာ

ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့်
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ် ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ်
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~`
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net
၂၆.၆.၂၀၁၃

Saturday, June 15, 2013

ရုတ်တရက် လေဖြတ်ခံရသော လူနာအတွက် သွေးဖောက်ပြီး အမြန်ကယ်ဆယ် ကုသပြုစုနည်း

ယခုခေတ်လောက် ဆေးရုံဆေးခန်းတွေပေါများပြီး ခေတ်မီဆေးဝါးကိရိယာတွေပေါများနေတဲ့ခေတ်ကြီးမှာ ဒီတိုင်းရင်းဆေးနည်းလေးကို ပို့စ်တင်လိုက်တဲ့အတွက် ဒီလောက်ခေတ်နောက်ကျရသလားလို့ မထင်စေချင်ပါဘူး။
ဒီပို့စ်လေးမှာပါတဲ့ ဆောင်းပါးလေးဟာ သူတစ်ပါးက အဘယဒါကုသိုလ်တော် လုပ်လို့ ကျွန်မရဲ့လက်ထဲကိုရောက်ရှိလာတဲ့အတွက် ကျွန်မရဲ့သူငယ်ချင်းတွေလည်း ဒီဆေးနည်းလေးကို သိစေချင်လို့ ပို့စ်လေးကိုတင်လိုက်ရခြင်းဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုဘယ်သူရေးမှန်းမသိပေမဲ့
အတွဲ-၂၂၊ အမှတ်(၇)၊ ၁၉၅၅ ခုနှစ် ဇူလိုင်လထုတ် ရတနာမွန်မဂ္ဂဇင်းမှ လို့ ဖော်ပြထားပါတယ်။
ရုတ်တရက် လေဖြတ်ခံရသောလူနာအတွက် သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသပြုစုနည်း
ပထမ အရေးကြီးဆုံးအချက်မှာ လေဖြတ်သောလူနာကို ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်းစသည်ဖြင့် မည်သည့်နေရာတွင်ပင်ဖြစ်စေ ဖြစ်သောနေရာမှ ရွေ့ပြောင်းသယ်မခြင်း လုံးဝမပြုလုပ်ရပါ။ ထိုသို့ချက်ချင်းရွေ့ပြောင်းသယ်ဆောင်ပါကကားဆောင့်ခြင်း၊ လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးဏှောဏ်သွေးကြောကလေးများကို ပိုမိုလျင်မြန်စွာပေါက်ကွဲစေပြီးလူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ထို့ကြောင့် လူနာကို မည်သည့်နေရာသို့မျှ ရွေ့ပြောင်းခြင်းမပြုလုပ်ပါနှင့်။ လူနာကို ဖြစ်သည့်နေရာ၌ပင် အသာထူမပေးပြီး ပြန်လဲမကျသွားစေရန် အသာမှေး၍ ထိုင်စေရပါမည်။ လူနာကို ကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှလူတစ်ဦးက အသာမှေး၍ ထူမပေးထားပါ။ ထိုသို့ ထူမပြီးပြီးချင်း ပိုးသတ်ထားသောဆေးထိုးအပ်ဖြင့်ဖြစ်စေ၊မီးရှို့ပြီးသော လက်ချုပ်အပ်ထိပ်ဖျားဖြင့်ဖြစ်စေ လူနာ၏လက်ချောင်း(၁၀)ချောင်းထိပ်ဖျားကို ယခုနအပ်ဖြင့်(ပဲစေ့ခန့်) သွေးစက်တစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ သွေးစက်(ပဲစေ့ခန့်)ထွက်သည် မထွက်သည်ကို ခေတ္တခဏစောင့်ကြည့်ပါ။ အကယ်၍ သွေးမထွက်ပါက သွေးထွက်လာအောင် လက်ဖြင့်ညှစ်ထုတ်ပေးပါ။ လက်ချောင်းတိုင်း သွေးတစ်စက်စီထွက်သွားပြီး မိနစ်ပိုင်းအတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။ အကယ်၍လူနာပါးစပ်ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည့်တိုင်အောင် လက်ဖြင့်ပွတ်ဆွဲပေးပါ။ နီလာပါကနားရွက်အောက်ပိုင်း နားပေါက်ဖောက်သည့်နေရာ၌ ယခုနအပ်ဖြင့် တစ်ဘက် နှစ်ချက်စီ ဖောက်ပေးရပါမည်။ နားရွက်နှစ်ဖက်စလုံးမှ သွေးနှစ်စက်စီ(ပဲစေ့ခန့်)ထွက်လာပြီး မိနစ်ပိုင်းအတွင်း ပါးစပ်ရွဲ့ရာမှ ပြန်တည့်သွားပါလိမ့်မည်။ထိုလူနာ ပုံမှန်အခြေအနေသို့ရောက်အောင်စောင့်ပြီးမှ ဆေးရုံသို့ လူနာကိုပို့ပေး၍ လိုအပ်သော ဆေးကုသမှုကိုခံယူပါစေ။ ယခုကဲ့သို့ ရှေးဦးစွာပြုစုပြီးမှ ဆေးကုသခံစေပါက အကြောသေခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊ ခြေလက်လှုပ်ရှားမရခြင်း၊ စကားမပီသခြင်းတို့မှ လုံးဝလွတ်ကင်းသွားစေပါမည်။
ဤနည်းမှာ လက်တွေ့ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ ဤနည်းကို လူအများ
လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် မေတ္တာ၊ စေတနာဖြင့် ဓမ္မဒါန၊ ဇီဝိတဒါန၊ အဘယဒါန ကုသိုလ်ပြုလိုက်ပါသည်။ဤနည်းကို မိမိတို့နီးစပ်ရာအသိမိတ်ဆွေများထံသို့ တစ်ဆင့် ဖြန့်ဝေခြင်းဖြင့် ဓမ္မဒါန၊ ဇီဝိတဒါန၊ အဘယဒါနကုသိုလ်ပြုကြပါ။ဤနည်းသည် ကိုယ်တွေ့လက်တွေ့ လူနာကိုပြုစုပေးခြင်းဖြင့် ရာနှုန်းပြည့်အောင်မြင်သောနည်းဖြစ်ကြောင်းအာမခံပါသည်။

Friday, June 14, 2013

ချက်လက်မှတ်လေးတစ်စောင်


စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။
တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။ သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။
ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။
ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။
ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။ "အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ " လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်"လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။
တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတ်ာလို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။


creadit to:
The Self Confidence (Author unknown)

Thursday, June 13, 2013

လေထိုး လေအောင့်


လေထိုး လေအောင့်

  • ၁။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။
  • ၂။ ငုပင်၏ အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။
  • ၃။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ထားဝယ်မှိုင်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။
  • ၄။ နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ကြိမ် သောက် သော် လေထိုး လေအောင့်ရောဂါ ပျောက်၏။
  • ၅။ ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ၀မ်းဗိုက်နာ ပျောက်ကင်း၏။
  • ၆။ ပရုတ်အေး အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ၀မ်းဗိုက်နာ ခြင်း ပျောက်၏။
  • ၇။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။
  • ၈။ စံကားဝါအခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။
  • ၉။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။
  • ၁၀။ ဆူးပုပ်အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကိုလည်းကောင်း၊အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။
  • ၁၁။ မန်ကျဉ်းပင်အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ၀မ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏
  • ၁၂။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။
  • ၁၃။ လက်ထုတ်ကြီး အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ် ထည့်သောက်ပါက လေထိုး လေအောင့် ပျောက်၏။
  • ၁၄။ သံပရာသီး အစိမ်း၏ အခွံကို စားပါက လေနာ ရင်နာ ပျောက်ကင်း၏။
  • ၁၅။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
  • ၁၆။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။
  • ၁၇။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ် သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။

  • ၁၈။ ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏ ။
  • ၁၉။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။

Wednesday, May 29, 2013

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

                                       





လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။



(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ


(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)

အေးချမ်းမွန် Credit & Copy From > နေခရမ်း< Thank For Your Post
Re-post By ACM 28-5-2013

Sunday, May 12, 2013

အစာအိမ်ရောဂါသည်များအတွက်

REF:  http://machunlay.blogspot.com/2012/07/blog-post_27.html

Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျာသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါများဖြစ်ပွါးလာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

          ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာမသိခဲ့ကြပါဘူး။ အစာအိမ်အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ်အနာပိုဆိုးစေတဲ့အကြောင်းတွေကိုသာသိခဲ့ကြတာမို့ ဆေးကုသရာမှာလည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင်မကုသနိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်။


          H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေကတစ်ဆင့်ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်  တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ   တွေ့ရပါ  တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။
         
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

          အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ်။

          အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်ပါတယ်။ (နာမည် ကျော်အဆိုတော် စိုင်းထီးစိုင်း အစာအိမ်အနာမှ သွေးထွက်ပြီးသေဆုံး ခဲ့တယ်လို့သိရပါတယ်။)

အစာအိမ်အနာ (stomach ulcer)


H.pylori ဘက်တီးရီးယားများနှင့်အစာအိမ်နာ


H.pylori


Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။

Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နိုင်ပါတယ်။

Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက်ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာစား သောက်တဲ့အခါမှာသန့်ရှင်းလတ်ဆတ်စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ်နေ ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိုးသေစေတဲ့ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကိုရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း၊အခြားဆေးဖြင့်ပြောင်းလဲခြင်းများပြုလုပ်ရပါမယ်။

တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းကြောင့်ပျောက်ကင်းကြောင်းဖေါ်ပြထားပါတယ်။
         
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ဆေးရုံဟောင်း) မှာတစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့အနာသက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည်ဘုကိုရင်ခေါင်း မှာထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရခြင်းအကြောင်းကိုသိရပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက် ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။

ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

ကျမ်းကိုး။
၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့။ http://lannthit.burmapress.com/2011/06/05/294
ဗာဒံပင်မှအရွက်(မှည့်ရင့်နေသောအနီရွက်)ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း။
၂။ ဆေးမြီးတိုအစွမ်း။ အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)။ မေတ္တာရနံ့။
၎။ အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html


ဖတ်သင့်သောအခြားပိုစ့်များမှကောက်နုတ်ချက်။
ခတ်နဲ့အတူ အစားအသောက်ပြုလုပ်ပုံ၊ စားသောက်ပုံများ ပြောင်းလဲလာခြင်းကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါများလည်း ပြောင်းလဲလာပါတယ်။

စားသုံးသီးနှံများစိုက်ပျိုးရာ၌ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ အစားအစာများ တွင် ဆိုးဆေးများ အသုံးပြုလာခြင်း၊ အလွယ်တကူ အသင့်စားသုံးနိုင် သောအစာ (Fast Food) များ စားသုံးလာခြင်း များကြောင့် အစာအိမ်ရောဂါအပြင် အခြား သောခေတ်ပေါ်ရောဂါများဖြစ်ပွါးလာပါတယ်။

အစာအိမ်အတွင်း အဖြစ်များသော ရောဂါများမှာ အစာအိမ်ရောင်ခြင်း အစာအိမ်အနာနှင့် အစာအိမ်ကင်ဆာတို့ ဖြစ်ပါတယ်။ ရင်ညွှန့်တွင် ပူလောင်သော နာကျင်မှုကို ခံစားရပြီး အစာစားချိန် လွန်လျှင် သိသာစွာ နာကျင်ကာ အစာကို စားလိုက်ပါက သက်သာသွားလျှင် ၄င်းလက္ခဏာသည် အစာအိမ်အနာနှင့် သက်ဆိုင်သော လက္ခဏာများ ဖြစ်သည်။

အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်သောအကြောင်းအရင်းများ
၁။         H. Pylori ရောဂါပိုးရှိခြင်း။
၂။         အကိုက်အခဲပျောက်ဆေးများကို အစာမပါပဲ သောက်ခြင်း။
၃။         ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
၎။         အပူအစပ် အသုပ်နှင့် လက်လုပ်ချဉ်များ စားခြင်း။
၅။         အစာစားချိန် မမှန်ခြင်း။
၆။         ကော်ဖီ၊လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်း။
၇။         စိတ်ဖိစီးမှုများခြင်း။
H. Pylori  ရောဂါပိုး
အစာအိမ်ကို H. Pylori ပိုးကူးစက်ခံရခြင်းသည် အစာအိမ်အနာဖြစ်ရသော အဓိကအကြောင်းအရင်း ဖြစ် သည်။ အစာအိမ်အနာဖြစ်သောသူများ၏ ၃၀% မှ ၆၀% တို့တွင်H. Pylori ပိုးတွေ့ရှိရပြီး အူသိမ်တွင် အနာဖြစ်သော သူများ၏ ၇၀% ခန့်တွင် H. Pyloriပိုးတွေ့ရှိရသည်။ အစာအိမ်ကင်ဆာ ဖြစ်ပွားစေမှု တွင် လည်း H. Pylori ပိုးသည် ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိရသည်။ ၎င်းပိုးများသည် အစာအိမ်ကဲ့သို့ သော အက်ဆစ် ထုတ်လုပ်သည့် ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်နိုင်ရန် အတွက် Urease Enzyme ကို ထုတ်လုပ်ပြီး အစာအိမ်၏ pH ပမာဏကို Alkaline ဖြစ်အောင်လုပ်၍ အစာအိမ်အတွင်း ရှင်သန် နေထိုင်ကြသည်။ H. Pylori ပိုးအမျိုးအစား အမျိုးမျိုးရှိ၍ ရောဂါပေးစွမ်းနိုင်သော ဗီဇပါရှိမှု ကွာခြားသဖြင့် ရောဂါဖြစ်မှုလည်း ကွာခြား နိုင်ပေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၂၀ ကျော်သော လူဦးရေ၏ ၈၀% မှာ H. Pylori ပိုး ကူးစက်ခံနေရပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀ % မှ ၅၀ % ရှိကြောင်းတွေ့ရသည်။ လေ့လာမှုများအရလူကြီးဘဝထက် ကလေး ဘဝတွင် ကူးစက်ခံရမှု ပိုများကြောင်းတွေ့ရှိရသည်။ H. Pylori ပိုးကူးစက်မှုများစေသော အဓိက အချက်နှစ်ချက်မှာ လူမှုစီးပွားရေးနိမ့်ကျမှုနှင့် ပညာရေးနည်းပါးမှု တို့ ပင်ဖြစ်သည်။ အခြားဖြစ်နိုင်သော အချက် များမှာ အိမ်တွင်လူဦးရေများခြင်း၊ မသန့်ရှင်းသောပတ်ဝန်း ကျင်တွင် နေထိုင်ရခြင်း၊ မသန့်ရှင်းသောရေနှင့် အစား အသောက်၊ ရောဂါပိုးရှိသောလူများ၏ အန်ဖက်များနှင့် ထိတွေ့မိခြင်းတို့ဖြစ်သည်။
အကိုက်အခဲပျောက်ဆေးများ
လူအများ ယေဘုယျအသုံးများဆုံးဆေးများမှာ အကိုက်အခဲပျောက်ဆေးများပင်ဖြစ်သည်။ ဆေးဆိုင် များ တွင်လည်း အကိုက်အခဲပျောက်ဆေးများမှာ အရောင်းသွက်လှပေသည်။ အရပ်အခေါ် ကိုယ်ပူကျဆေး၊ ဖျားနာပျောက်ဆေးများသည်လည်း အကိုက်အခဲပျောက်ဆေး အုပ်စုဝင်များသာဖြစ်သည်။ အကိုက်အခဲပျောက် ဆေးများ၏ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကြောင့် နှစ်စဉ်လူပေါင်း နှစ်သောင်းခန့်  သေဆုံးလျှက်ရှိ သည်။
အကိုက်ခဲပျောက်ဆေး (NSAID) များသည် Prostaglandins ထွက်ရှိမှုကို ပိတ်ထားခြင်းဖြင့် နာကျင်မှု ကို သက်သာစေသည်။ ၎င်း Prostanglandins များသည် အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ကောင်းမွန်ခိုင် မာနေစေရန် ထိန်းသိမ်းပေးထားသည်။ အကိုက်ခဲပျောက်ဆေး (NSAID) များကြောင့် Prostanglandins များ နည်းလာသောအခါ အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ပျက်စီးလွယ်၍ အစာအိမ်အနာ ဖြစ်ပေါ် စေ သည်။ ထို့အ ပြင် အကိုက်ခဲပျောက်ဆေး (NSAID) များသည် အက်ဆစ်အပျော့ စားလေးများ ဖြစ် သောကြောင့် အစာအိမ်နံရံ ပေါ်ရှိ ချွှဲမြှေးလွှာများကို တိုက်ရိုက်နည်းအားဖြင့်လည်း ပျက်စီးစေသည်။ Asprinကဲ့သို့သော ဆေးများကို နေ့စဉ် ၇၅ မီလီဂရမ်ခန့် သောက်သုံးခြင်းသည်ပင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည်ကို တွေ့ရှိရသည်။အသက်အရွယ်ကြီးခြင်း၊ အစာအိမ်အနာဖြစ်ဖူးခြင်း၊ စတီးရွိုက်ဆေး၊ သွေးကျဲဆေးများနှင့် တွဲသောက် ခြင်း၊ အကိုက်ခဲပျောက်ဆေး ပမာဏများခြင်း၊ အကိုက်ခဲ ပျောက်ဆေး နှစ်မျိုးသုံးမျိုးတို့ကိုတွဲလျက်သောက်ခြင်းတို့သည် အစာအိမ်အနာ ဖြစ်စေနိုင်သော အကြောင်း များဖြစ်သည်။
အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည်လည်း အစာအိမ်ရောဂါကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် အစာအိမ်အနာ ပိုမိုဖြစ်ပွားရုံသာမက အနာအကျက်နှေးခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမိုဖြစ်ပွားလွယ်ခြင်းတို့ကိုပါ တွေ့ရှိရသည်။ ဆေးလိပ်မှ ထွက်သော အန္တရာယ်ရှိသော ဒြပ်ပေါင်းများသည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီး လွယ်စေသည်။
အရက်သောက်ခြင်းသည် အစာချေရည် (Gastric Acid) ကို ပိုမိုထွက်စေသည်။ အစာချေရည်သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီးစေရာတွင် အဓိကအခန်းမှ ပါဝင်သည်။ အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများသည် အစာအိမ်နံရံများကို အဓိက ကာကွယ်ပေးထားသူများ ဖြစ်သည်။ ၎င်း အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွာများ ခိုင်ခံမှု အားနည်းစေသော အကြောင်းများ အားလုံးသည် အစာအိမ်အနာကို ဖြစ်ပေါ်စေနိုင်သည်။
အစားအသောက်များနှင့် အစာစားချိန်
အစာအိမ်အနာဖြစ်စေသော အကြောင်းများတွင် အစားအသောက်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ အစာမကြေလွယ်သောအစာများ၊ အပူအစပ်များ၊ လက်လုပ်ချဉ်များသည် အစာအိမ်ကို ဒုက္ခပေးနိုင်သော အစားအစာများဖြစ်သည်။ ကော်ဖီသည် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများကို ပျော့ပျောင်းစေသဖြင့် လေချဉ်တက်ခြင်း ကိုပိုမိုဖြစ်စေနိုင်သည်။ အစာလွန်ခြင်း၊ အစာစားချိန်မမှန်ခြင်းတို့သည် အစာချေရည်များမှ အစာအိမ်နံရံ ချွဲမြှေးလွှာများကို ပျက်စီးစေခြင်းဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။ စိတ်ဖိစီးမှုများလွန်းခြင်းသည်လည်း အစာစားချင်စိတ် မရှိခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်နှင့် အရက် သောက်ဖြစ်လွယ်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။
အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်နာရောဂါ လက္ခဏာများ
ဗိုက်နာဗိုက်အောင့်ခြင်း၊ ရင်ခေါင်းပူခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်းတို့သည် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာရောဂါလက္ခဏာများဖြစ်သည်။ ဗိုက်နာဗိုက်အောင့်ခြင်းသည် ရင်ညွှန့် အနားတစ်ဝိုက်တွင်ဖြစ်ပြီး ပူလောင်သော သို့မဟုတ် ကိုက်ဖြတ်ခံနေရသော နာကျင်မှုမျိုးဖြစ် သည်။ ကျောနှင့် ရင်နှင့် ညှပ်အောင့်သည်ဟုလည်း လူနာများကပြောပြတတ်သည်။ ၎င်းနာကျင်မှုသည် အစာစားလျှင် သက်သာ ခြင်း၊ ပိုဆိုးခြင်းရှိပါက အစာအိမ်ရောဂါလက္ခဏာဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အစာအိမ် သွေးကြောပေါက်ခြင်းသည် အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ အသက်ကြီးသောသူများ အထူးသဖြင့် အသက် ၆၅ နှစ်ထက်ကြီးသော သူများတွင် အစာအိမ်သွေးကြော ပေါက် ခြင်း ပိုဖြစ်တတ်သည်။ ကော်ဖီရောင်အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ၀မ်းမဲမဲသွားခြင်း တို့သည် အစာအိမ် သွေးကြောပေါက်ခြင်း၏ လက္ခဏာများဖြစ်သည်။ အစာအိမ်ရောဂါ လူနာများ၏ ၂၀ % သော လူနာများတွင် အစာအိမ်ရောဂါ လက္ခဏာမပြဘဲ အစာအိမ်သွေးကြောပေါက်ခြင်း ဖြစ်သွားသည်ကို တွေ့ရှိ ရသည်။
အစာအိမ်ပေါက်ခြင်းသည် ဒုတိယအဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အစာအိမ် ရောဂါ လူနာများ၏ ၆ % မှ ၇% တွင် အစာအိမ်ပေါက်ခြင်း နောက်ဆက်တွဲဆိုးကျိုး တွေ့ရှိရသည်။ ၀မ်းဗိုက် ဖောင်းလာခြင်း၊ ၀မ်းဗိုက်အထိမခံနိုင်အောင်နာခြင်းတို့သည် အစာအိမ်ပေါက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။ အစာအိမ် ထွက်ပေါက်ပိတ်ခြင်းသည် အတွေ့ရနည်းသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ၁% မှ ၂% ခန့်သော လူနာများတွင်သာ တွေ့ရသည်။ အစာစားပြီးတိုင်းအန်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ၀မ်း ချုပ်ခြင်းတို့သည် အစာအိမ် ထွက်ပေါက်ပိတ်သောလက္ခဏာများဖြစ်သည်။ အစာအိမ်ကင်ဆာသို့ ပြောင်း လဲခြင်းသည် အစာအိမ်အတွင်း အနာဖြစ်သောနေရာ၊ H.Pylori ပိုးကူးစက်မှု၊ အသက်အရွယ်ကြီး ရင့်မှုတို့ ပေါ်တွင် မှုတည်သည်။
ရှောင်ရန်
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊အကြော်)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရမည်။
ဆောင်ရန်
အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်သည်။
ဘ၀နေထိုင်မှုပုံစံ
လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှု ဘဝ နေထိုင်မှုဟန်ပန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေးကို ကူးစက်မှု မရှိ သောရောဂါများ (Non Communicable Diseases)ဟုခေါ်သည်။ ယနေ့ကမ္ဘာတွင် စုစုပေါင်း သေဆုံးမှု၏ ၆ဝ ရာခိုင်နှုန်းသည် NCDsရောဂါများကြောင့်ဖြစ်ပြီး ၎င်းသေဆုံးမှု၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်ဖြစ်သည်။ နေ့စဉ်ဘ၀ နေထိုင်မှုပုံစံတွင် အန္တရာယ်အမူအကျင့် (Behavior Risk Factors) များဖြစ် သည့် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငြုံခင်း၊ ကွမ်းစားခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်များစားခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှားမှုနည်းခြင်း၊ အရက်ကိုအလွန်အကျွှံ သောက်ခြင်း တို့သည် ကျန်းမာရေး၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ ဖြစ်သည်။
အစာအိမ်ရောဂါသာမက အခြားသောရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက် ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကိုချင့်ချိန်သောက်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ်နာရီ ဝက်ခန့် မှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းဆိုသော ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲပစ်ဖို့လိုသည်။ အထူးသဖြင့် နေ့စဉ်စားသုံးသည့် အစား အသောက် များတွင် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီ စသော အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများကို ရွေးချယ်ပြီး ဖောဖောသီသီ စားသုံးသင့်သည်။ အဆီမျိုးစုံကို တတ်နိုင်သမျှ ဆင်ခြင်၍စားရမည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာများကို တတ်နိုင်သမျှရှောင်သင့်သည်။ အငန်ကို ဆင်ခြင်ပြီး အိုင်အိုဒင်းဆားများကိုသာစားရမည်။ အချိုရည်ကို လည်း တတ်နိုင်သမျှ ရှောင်ရမည်။ သို့မှသာ ကူး စက် မဟုတ်သော ရောဂါများကြောင့်ဖြစ်ပေါ်လာသော ရောဂါဖြစ်ပွားမှု၊ မသန်မစွမ်းဖြစ်မှုနှင့် အရွယ်မရောက်မီ သေဆုံးမှုများ လျော့နည်းလာမည် ဖြစ်ပါ တော့ သည်။
နေ၀င်းအောင်

အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html

ဗက်တီးရီးယား ကြောင့်ဆိုတာကိုတွေ့ တဲ့အတွက် ဗက်တီးယီးယားကိုသတ်တဲ့ ပိုးသတ်ဆေးတမျိုးကို တလလောက်တိုက်တော့မှ လုံးဝ ပျောက်ကင်းသွားတယ်။ ဂျပန် ဆရာဝန်တယောက်က လည်း ကျနော် ရဲဘော်တယောက်ကိုဒီလိုနည်းမျိုး နဲ့ ကုသပေးလို့ လုံးဝပျောက်သွားတယ်လို့ ဆိုတယ်။ သူက ဗိုက်အောင့် လို့  ဂျပန်ဆရာဝန်ကိုပြတဲ့အခါမှာ ဆရာဝန်က သွားဆိုက်ဆရာဝန်ဆီကို သွားပြီး သွားတွေကို ခြစ် ထုတ် ပြစ်ဖို့  ညွန်ကြားလိုက်ပါတယ်။ သွားတွေကြားမှာ ဗက်တီးယီးယားရှိနေတယ်။ ကျနော်တို့ မြန်မာ အများ စုက သွားကို ခြစ်ထုတ်လေ့မရှိပါ။ တချို့က ပိုက်ဆံရှိသော်လည်း နစ် ၃၀ မှ တခါခြစ်ကြတယ်လို့ သိရပါ တယ်။  ထိုင်းနိင်ငံမှာ တနစ်တခါလောက် ခြစ်ကြတယ်။ အမေရိကန်တို့ ဂျပန် မှာတော့ ၆ လ တခါခြစ် ပါတယ်။  သွားထဲမှာ ခိုအောင်းနေတဲ့ဗက်တီးယီယားက ညဖက်အိပ်ချိန်မှာ သရေနဲ့အတူ ဗိုက်ထဲကိုဝင် ပါတယ်။