networking အကြောင်းလေ့လာလိုလျင်ဒီနေရာလေးမှာလေ့လာနိုင်ပါတယ်

သင့်မော်နီတာကိုအချိန်ကြာမြင့်စွာကြည့်နိုင်အောင်ဒီဆော့ဝဲလေးကိုသုံးကြည့်ပါ

စာအုပ်တွေကို ဒီနေလေးမှာလေ့လာနိုင်ပါတယ်

မိုဘိုင်းနဲ့ ပက်သက်ရင် ဒီနေလေးမှာလေ့လာအကူအညီတောင်းနိုင်ပါတယ်

Showing posts with label Mobile Tutorial. Show all posts
Showing posts with label Mobile Tutorial. Show all posts

Tuesday, September 9, 2014

Android Device Technology Guide (PDF)

Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ ဖုန်းကိုင်ခါစလူတွေ ဖတ်သင့်လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။

ဖုန်းအမျိုးစား မတူသော်လည်း Android OS
သုံးထားတဲ့ ဖုန်းတွေ Tablet ,Note တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး

ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ် ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei..Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့ ဖုန်းတိုင်းအတွက် အရေးပါအရာေ၇ာက်တဲ့ သိသင့်သိထိုက်သည်များကို အသေးစိတ်အခြေခံကျကျ ရေးပြထားပြီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ်။ Android ဖုန်းသမားတွေ ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း သတိပြုသင့်ပါတယ်တချို့ ဆိုင်တွေကတော့ ပြန်လက်ခံတာလည်းရှိပါတယ်။

ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ သေချာ သိဖို့ လိုမယ်

အကြောင်းရင်း တစ်ခုကတော့ တချို့ App တွေဟာ Root လုပ်မှာသုံးလို့ ရတာကို

တွေ့ ရပါတယ် ။တစ်ချို့ဆော့ဝဲတွေဟာRoot လုပ်တဲ့ ဖုန်းသာသုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့် စဉ်စားနေဆဲပဲရှိသေးတာRoot လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို လိုအပ်သလိုသွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို Modify လုပ်နိုင်မယ်ဆိုရင်
ကိုယ်ပိုင် Setting တွေနဲ့  ကိုယ်ပိုင်ပုံပါတဲ့ Themes လှလှတွေ ပြင်နိုင်မယ်။

JAVA လေ့လာ ထားသူတွေအတွက် OS Management ကို ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ်။

Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း ဒီစာအုပ်မှာ Root လုပ်နည်း အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း

ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါတယ်.. လိုအပ်သူများအောက်လင့်မှာယူပါ။

Download here >> https://db.tt/Qitp8T7w <<

Friday, August 15, 2014

Mobile Phone နည်းပညာဆိုင်ရာစာအုပ်(၆)အုပ် PDF

မိုဘိုင်းဖုန်းနဲ့ပက်သက်ပြီးလေ့လာနေကြတဲ့ သူငယ်ချင်းတွေအားလုံးအတွက်..မိုဘိုင်းဖုန်းနည်းပညာဆိုင်၇ာ နဲ့ ပက်သက်ပြိးဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ခြောက်အုပ်ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ...။မိုဘိုင်ဖုန်းနည်းပညာတွေကို ဒီထက်မက လေ့လာနိုင်ကြပါစေခင်ဗျာ..

၁။ GSM WCDMA CDMA Mobile ကွန်ယက်နည်းပညာ - သန်းထိုက်(ရွှေရိပ်)
http://www.mediafire.com/?n9i2kootq15b7f8

၂။ Android ပေါ်မှ လက်တွေ့သုံးနည်းပညာ - သန်းထိုက်(ရွှေရိပ်)
http://www.mediafire.com/download/y7xw5dfaeiqbvi6

၃။ Android Application ရေးသားခြင်းဆိုင်ရာ အခြေခံသဘောတရားများ - ၀င်းဟိန်း
http://www.mediafire.com/?x38jvgevv86n2uw

၎။ မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ - အာကာဖြိုး (နည်းပညာ)
http://www.mediafire.com/?56264mp1mmarsl6

၅။ idevices များအတွက် လက်တွေ့သုံးနည်းပညာ - သန်းထိုက်(ရွှေရိပ်)
http://www.mediafire.com/?7yx61fxndfyzk2p

၆။The Myanmar Android - Bo Sunny Lwin
http://www.mediafire.com/download/6xrmt6696baeb5w

Credit to -  myanmarebooksfree.blogspot.com & မောင်ပေါက်

Tuesday, August 12, 2014

Facebook နဲ့ internet အသုံးပြုနည်း PDF

Facebook နဲ့ အင်တာနက် အသုံးပြုနည်းဆိုပြီးPDfစာအုပ်လေးရလို့ မျှဝေလိုက်တယ်ဗျာရေးသားသူကတော့စာအုပ်ထဲမှာပါမယ်ထင်ပါတယ် Credit မပေးတော့ပါဘူး အမှန်အတိုင်းပြောရရင်ကျွန်တော်လည်းမဖတ်ရသေးဘူး စာဖတ်ရတာပျင်းလို့..ဖတ်ချင်သိချင်တဲ့သူများလေ့လာချင်သူများအောင်လင့်မှာယူပါခင်ဗျာ File Size 9Mb လောက်ပါပဲ။
http://www.mediafire.com/view/?kekc9p9zeu33xdi

Saturday, August 9, 2014

Facebook Lock ကြလွယ်သည့်အကြောင်းအရင်များ

ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။

အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲ2ဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

****Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ****

*** Friend အသားကုန် Add ခြင်း***

Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

***Message ဇွတ်ပို့ချင်း***

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

***Like ဇွတ်လုပ်ခြင်း***
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

***Group အများအပြား ဝင်ခြင်း***

User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

*** နာမည်ရင်း အသုံးမပြုခြင်း ***

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

***Friend များလွန်းခြင်း***

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

***နေရာ ပြောင်းသုံးလွန်းခြင်း***

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

***Device ပြောင်းသုံးလွန်းခြင်း***

ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

***Poke လုပ်လွန်းခြင်း***

Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

*** Link များ ရှဲလွန်းခြင်း ***

ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

*** အသက် ၁၈ နှစ်မပြည့်သေးရင် ***

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

***Report အလုပ်ခံရများရင်***

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

*** အခြားအကြောင်းအရာများ ***

အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Monday, April 21, 2014

XBMC FOR ALL OS

Current Stable Release: 12.3 “Frodo”

Click on the icons below to download your preferred platform installer. You can find quick start guides on the WIKI.
Note: Don’t forget to read our development blog posts.
DL_Icons_WindowsWindowsDL_Icons_LinuxLinuxDL_Icons_AppleOSX – OSX x86-64DL_Icons_AndroidAndroid (ARM)
DL_Icons_RaspberryPiRaspberry PiDL_Icons_Apple_iOSiOSDL_Icons_Apple_TVATV – ATV 2xbmcbuntu-logo-dlXBMCbuntu

source>>>> http://xbmc.org/

Thursday, March 13, 2014

Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း

iOS 7 နှင့် အထက် Jailbreak လုပ်ထားသော iDevices များတွင် Tweaks များကို မှားယွင်းသွင်းယူမိခြင်း၊ စမ်းသပ်ခြင်းတို့ကြောင့် iOS 7 နှင့် အဆင်မပြေသည့် အခါများတွင်၊ Stock / Native Apps များဖြစ်သော Safari, Email, iMessage အစရှိသော App များကို ဖွင့်လိုက်သောအခါ မပွင့်ပဲ crash ဖြစ်ပြီး ပြန်ပြန်ထွက်သွားတတ်တာကို တွေ့ကြုံနေသူများအတွက် အလွယ်ဆုံး Fix လုပ်နိုင်မည့် နည်းလမ်းများကို တင်ပြပေးလိုက်ပါတယ်...

ပုံမှန်အားဖြင့် Tweak များကြောင့် Stock App များ Crash ဖြစ်သည့် အခါမျိုးမှာ iTunes နှင့် Restore ပြန်လုပ်ပြီးမှ အဆင်ပြေတတ်ပါတယ်။ ဒီအခါမှာ Jailbreak လည်းပြုတ်သွားပြီး အချိန်ပေးကာ မိမိသွင်းယူထားသော App များ Tweaks များကိုလည်း အစမှ ပြန်လည် သွင်းယူရတတ်ပါတယ်...

ယခုဖော်ပြမည့် နည်းလမ်းများသည် Restore, ReJailbreak လုပ်ရန်မလိုပဲ လွယ်ကူစွာ ပြဿနာကို ရှင်းလင်းနိုင်မည့် နည်းလမ်းများ ဖြစ်ပါသည်။ မိမိနှင့် သင့်လျှော်မည့် နည်းလမ်းကို သုံးနိုင်ပါတယ်။

နည်းလမ်း ၁)
Cydia ထဲမှ Search တွင် "Appsync for iOS 7+" နှင့် "afc2Add" နှစ်ခုလုံးကို ရှာ၍ REMOVE လုပ်ပါ။
Device ကို Reboot / Respring လုပ်ပါ။



နည်းလမ်း ၂)
Apps များ Crash မဖြစ်မီ မိမိနောက်ဆုံး သွင်းယူခဲ့သော Tweaks များကို Cydia -> Installed ထဲမှ ရှာဖွေ၍UNINSTALL / REMOVE လုပ်ပါ။
Device ကို Reboot / Respring လုပ်ပါ။



နည်းလမ်း ၃)
Home screen ရှိ Settings -> General -> Reset -> Reset All Settings ကို သုံးပြီး Reset ချပါ။
Device ကို Reboot / Respring လုပ်ပါ။



နည်းလမ်း ၄)

ယခုနည်းလမ်းသည် ၁၀၀% အလုပ်နိုင်သော နည်းလမ်း ဖြစ်ပါသည်။ ယခုနည်းလမ်းကို အသုံးပြုနိုင်ရန် အတွက် "iFile" ရှိထားရန် လိုအပ်ပါသည်။
မရှိသေးပါက "http://sinfuliphonerepo.com/" ကို Cydia ၏ Sources တွင် ထည့်သွင်းပြီး "iFile Crecked" ကို ရှာ၍ သွင်းယူပါ။
iFile ကို ဖွင့်ပါ

ver/mobile/Library/Caches လမ်းကြောင်းအတိုင်း သွားပြီး အောက်ပါ File နှစ်ခုကို Delete လုပ်ပါ။
"com.apple.mobile.installation.plist" နှင့် "com.apple.LaunchServices-054.csstore" တို့ကို Delete လုပ်ပါ။

  • Device ကို Reboot / Respring လုပ်ပါ။

    အခုဆိုရင် Crash ဖြစ်ထားတဲ့ App များ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်...

Thursday, January 9, 2014

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။ 
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။ 
ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ... 




iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။
လိုအပ်ချက်များ

iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
Cydia ကို version Update လုပ်ထားရန်

မှတ်ချက်

အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
"ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)
iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။



လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)


Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။


မြန်မာလက်ကွက် အတွက် Install Source (2)

Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။

Restart Springboard

Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)

မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**


Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။

iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

credit to>>>> မိုးသိကြား  -http://www.moethagyar.info