Wednesday, June 12, 2013

Engineering Power Tools

မတ်လအတွင်း တင်ခဲ့သော Post အဟောင်းအား
ထိုစဉ်က မသိလိုက်သူများအတွက် ဒုတိယအကြိမ်ဖေါ်ပြခြင်း ဖြစ်ပါတယ်။
Software ရဲ့အမည်ကိုက Engineering Power Tool ပါ။
ပါဝါမြင့်သောအင်ဂျင်နီယာများဖြစ်ကြစေရန် ဆောင်ထားသင့်သော Tool လေးဖြစ်ပါတယ်။
www.pwr-tools.com မှ ဖြန့်ချီသော Software လေးပါ။ တော်တော်လေးစုံလင်ပြီး အသုံးဝင်တဲ့
Software လေးဖြစ်ပါတယ်။Tab (၆)ခု နဲ့ Math , HVAC , Mechanical , Electrical , Material ,
Structural ဆိုပြီး ခေါင်းစဉ်ကြီး (၆) ခုခွဲထားပြီး အဲ့ဒိခေါင်းစဉ်ကြီးများအောက်တွင် ခေါင်းစဉ်ငယ်
(၂၉)ခု ထပ်ခွဲပြီး Calculations , Factors , Constants , Conversions , Tables စသဖြင့် အသုံးဝင်
သောအချက်အလက်များစွာရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အချက်အလက်တွေကများလွန်းတော့
တစ်ခုခြင်း အသေးစိတ် ရေးမပြတော့ပါဘူး၊ ဥပမာအနေနဲ့တော့ Ohm’s Law Calculations လေးကို
Electrical ခေါင်းစဉ်ကြီးအောက်က ရွေးထုတ်ဖေါ်ပြလိုက်ပါတယ်။ ဒီစက်ဝိုင်းလေးက နှစ်သက်စရာ
ကောင်းပါတယ်။ Engineering Power Tools မှာ ဒီစက်ဝိုင်း Ohm’s Law အတွက် Calculation
Software ပါဝင်ပြီး Data သွင်းရုံနဲ့ တွက်ချက် အဖြေထုတ် ပေးမှာဖြစ်ပါတယ်။
တခြားကောင်းတာလေးတွေကိုတော့ Software ကို အောက်ပါ Link မှာ Download ဆွဲ၍ရှာဖွေကြည့်ရှုပြီးလိုအပ်သလိုအသုံးချကြပါ။ 2.36MB ရှိပါတယ်။
ချမ်းမြေ့ပျော်ရွှင်၍ လုပ်ငန်းခွင်တွင် အဆင်ပြေ အောင်မြင်ကြပါစေ။