networking အကြောင်းလေ့လာလိုလျင်ဒီနေရာလေးမှာလေ့လာနိုင်ပါတယ်

သင့်မော်နီတာကိုအချိန်ကြာမြင့်စွာကြည့်နိုင်အောင်ဒီဆော့ဝဲလေးကိုသုံးကြည့်ပါ

စာအုပ်တွေကို ဒီနေလေးမှာလေ့လာနိုင်ပါတယ်

မိုဘိုင်းနဲ့ ပက်သက်ရင် ဒီနေလေးမှာလေ့လာအကူအညီတောင်းနိုင်ပါတယ်

Showing posts with label fonts. Show all posts
Showing posts with label fonts. Show all posts

Monday, March 24, 2014

မြန်မာယူနီကုဒ်


ယူနီကုဒ်၊ ယူနီကုဒ်နဲ့ လူတွေကတော့ပြောနေကြတယ်။ ပြောနေတဲ့သူတိုင်းကရော ယူနီကုဒ်ဆိုတာဘာလဲဆိုတာအသေအချာ ရှင်းရှင်းလင်းလင်း သိချင်မှသိကြလိမ့်မယ်။ ယူနီကုဒ်ဆိုတာကို နောက်မှပေါက်တဲ့ရွှေကြာပင်ရယ်လို့သဘောထားပြီး မသုံးချင်ကြသေးတဲ့ သူတွေလည်းရှိချင်ရှိမယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ…
- မြန်မာယူနီကုဒ်ဆိုတာဘာလဲ
- ယူနီကုဒ်ကဘာတွေပိုအသုံးဝင်မှာလဲ
- အရင်တုန်းကသုံးနေတာနဲ့ဘာကွာလို့ပြောင်းသုံးနေကြတာလဲ
အစရှိတဲ့အခြေခံမေးခွန်းလေးတွေကိုအရင်ရှင်းသွားအောင်ပြောချင်ပါတယ်။

ASCII Font အကြောင်း
မြန်မာနိုင်ငံမှာကွန်ပျူတာတွေကို သုံးကြတော့ကွန်ပျူတာမှာInternational Language ဖြစ်တဲ့English ကိုပဲသုံးနေရာကနေ ကိုယ့်နိုင်ငံအတွက် ကိုယ့်စာတွေကို ကွန်ပျူတာမှာ မြင်ချင်လာကြတယ်။ အဲဒီအချိန်မှာ ကွန်ပျူတာမှာ သုံးနေကြတာ Latin စာတွေလေ။ အဲဒီ Latin စာတွေကိုကွန်ပျူတာထဲမှာ ASCII (American Standard Code for Information Interchange) စနစ်ကိုသုံးပြီးသိမ်းတယ်။ သူတို့ Latin စာအတွက် ကုဒ်တွေ သတ်မှတ်ထားပေမယ့် မြန်မာစာအတွက်က ကုဒ်မှမသတ်မှတ်ထားသေးတာ။ ကုဒ်မရှိလဲ မြန်မာစာမြင်ချင်တော့ ခုနကပြောတဲ့ Latin စာတွေသိမ်းတဲ့ ASCII စနစ်ကိုပဲသုံးရတော့တယ်။ အဲဒီလိုနဲ့ပဲ ASCII စနစ်ကိုသုံးတဲ့ မြန်မာစာ စာလုံးစနစ် (Font) တွေကို တီထွင်လာကြတယ်။ ၁၉၉၂ အစောပိုင်းမှာ “Shwe and Mya” လို့ခေါ်တဲ့ ပထမဆုံးမြန်မာစာ Font ကိုတီထွင်ထုတ်လုပ်ခဲ့တယ်။ မြန်မာစာကို မြင်ရသော်လည်း ကွန်ပျူတာက အမှန်တကယ်သိသည်မှာ Latin စာတွေပဲဖြစ်နေတယ်။ ဥပမာ Win Font မှာဆိုရင် “က” ဟုမြင်နေရသော်လည်း ကွန်ပျူတာက Latin စာ ‘u’ ကိုသာ သိမ်းထားခြင်းဖြစ်တယ်။

ပြဿနာ

မြန်မာစာ ASCII Font တွေရဲ့အဓိကပြဿနာကတော့ စာရိုက်စဉ်ကအသုံးထားသော font အမျိုးအစားမရှိသော ကွန်ပျူတာတွင် ပြန်ဖွင့်ကြည့်လျှင် Latin စာများသာမြင်ရခြင်း ဖြစ်သည်။ ဥပမာ- Win Font အသုံးပြု၍စာရိုက်ထားသော ဖိုင်တစ်ခုကို Win Font မရှိသော ကွန်ပျူတာတွင်ဖွင့်ကြည့်လျှင် abc…d (Latin) စာများသာမြင်ရမည်ဖြစ်သည်။ ထိုစက်တွင် Win Font မရှိသော်လည်း ASCII Font တစ်ခုဖြစ်သည့် Academy Font ရှိ၍ ထို Academy နှင့်ပြန်ဖွင့်ကြည့်လျှင် မြန်မာစာများကိုတော့ မြင်နိုင်ပါမည်။ သို့သော် မှန်ကန်စွာ ပြန်မြင်နိုင်တော့မည် မဟုတ်ပေ။ ဥပမာ- Win Font တွင် ‘က’ သည် ‘u’ နေရာတွင် ထားသော်လည်း Academy Font တွင် ‘u’ ဟူသော Latin စာနေရာတွင် ‘ယ’ ထားသောကြောင့် Win Font တွင်ရိုက်တားသော ‘က’ နေရာများတွင် Academy Font ပြောင်းသောအခါ ‘ယ’ များအဖြစ်ပြောင်းလဲသွားသောကြောင့် အမှန်ကို မြင်နိုင်တော့မည် မဟုတ်ချေ။
ထိုသို့ပြဿနာမျိုးများ ဖြစ်ရခြင်းမှာ စာလုံးစနစ်သိမ်းရာတွင် တိကျသော စံသတ်မှတ်ချက်မရှိခြင်းကြောင့် ဖြစ်သည်။ ဥပမာ- ‘က’ ဟူသောစာလုံးတစ်ခုသည် Latin စာ ‘u’ နေရာတွင်သာဖြစ်သည်ဟူသော သတ်မှတ်ချက်မျိုးမရှိခဲ့ပေ။
ASCII စနစ်ကိုသုံးခြင်း၏ အဓိက၀မ်းနည်းစရာအကောင်းဆုံးအချက်မှာ ကိုယ်ပိုင်စနစ် မရှိခြင်းကြောင့်၊ သူများစနစ်ကို အငှားသုံးထားရခြင်းပင်ဖြစ်သည်။ ‘က’ ဟုမြင်နေရသော်လည်း ကွန်ပျူတာက ‘u’ ဟုသာသိနေခြင်းဖြစ်သည်။
ထို့နောက် မြန်မာစာအတွက် ကိုယ်ပိုင်ကုဒ်စနစ်တစ်ခုရရှိရန် ကြိုးပမ်းကြရာ ‘Unicode’ ဟုခေါ်သောစနစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ထို ‘Unicode’ စနစ်ဆိုသည်မှာ တစ်ကမ္ဘာလုံးတွင် ရှိသော ဘာသာစကားတိုင်းအတွက် ကိုယ်ပိုင်နေရာများ သတ်မှတ်ပေးသော စနစ်ဖြစ်သည်။ ထို Unicode စနစ်တွင်မြန်မာစာပါရှိရေးအတွက် ကြိုးပမ်းကြရာ (၁၉၉၈) ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ကုဒ်နေရာပေါင်း ( ၁၆၀ ) (1000 မှ -109F အထိ )နေရာရရှိလာခဲ့သည်။


မြန်မာယူနီကုဒ် အကြောင်း

‘Unicode’ စနစ်တွင် ဗမာစာအတွက် ကိုယ်ပိုင်နေရာတစ်ခု ရရှိလာပြီးနောက် ထိုစနစ်ကို အသုံးပြု၍ Unicode Font များကိုထုတ်လုပ်လာကြပါသည်။ Unicode စနစ်တွင် အက္ခရာတစ်ခုစီအတွက် သီးသန့်ကုဒ်တစ်ခုရှိသည်။ ဥပမာ- ‘က’ သည် ‘Unicode’ စနစ်တွင် ‘1000’ ဟူသော နေရာတွင်ရှိသည်။ Unicode စနစ်ကိုသုံးထားသော မည်သည့် Font တွင်မဆို ‘က’ သည် ကုဒ် ‘1000’ သာဖြစ်နေသည်။
‘Unicode’ စနစ်တွင် ဗမာစာ၏ အဓိကအခြေခံအက္ခရာများကိုသာ ကိုယ်ပိုင်ကုဒ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ ASCII စနစ်နှင့် ကွာခြားချက်မှာ ASCII စနစ်တွင် (ု) သည် အတိုနှင့် အရှည် (ု ) နှစ်မျိုးလုံးအတွက် ကုဒ်တစ်ခုစီအသုံးပြုထားသော်လည်း၊ ‘Unicode’ စနစ်တွင်မူ ‘ု’ သည် “102F” ဟူသော ကုဒ် ၁ ခုတွင်သာ ရှိနေမည်ဖြစ်ပြီး ကီးဘုတ်တွင်လည်း ‘Key’ ၁ခုတွင်သာရှိနေပေမည်။ ထိုအခါ စာရိုက်သူက ‘ု’ လိုချင်သောအခါ မည်သို့ပြုလုပ်ရမည်နည်း ဆိုလျှင် မည်သို့မျှပြုလုပ်ရန် မလိုပါ။ ‘ု’ သည် ‘K’ key တွင် ရှိသည်ဆိုလျှင် စာရိုက်သူသည် ‘ု’ လိုချင်သည်ဖြစ်စေ၊ ‘ု ’ လိုချင်သည်ဖြစ်စေ ထို ‘K’ key ၁ခုကိုသာ နှိပ်ရန်မှတ်သားထားရပါမည်။ ထိုသို့ ‘ု’ / ‘ု ’ ပြောင်းလဲခြင်းကို ထိုသရနှင့်တွဲသော အက္ခရာပေါ်မူတည်၍ ဗမာစာရေးနည်းစနစ်အတိုင်း ပြောင်းလဲရမည့်ပုံစံကို ပြောင်းလဲခြင်းကို ‘Rendering Engine’ လုပ်ဆောင်ပေးပါလိမ့်မည်။ ထို ‘Rendering’ သည် ‘Unicode’ ၏ စံသတ်မှတ်ချက်ကို လိုက်နာထားသော Unicode Font များတွင် တစ်ပါတည်းပါရှိမည်ဖြစ်သည်။

Friday, March 21, 2014

ဖုန်းကနေ မြန်မာစာတန်းထိုးရှပ်ရှင်ကားများကြည့်ကြမယ်

မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :)
အရမ်းကိုလွယ်ကူပါတယ်
မိမိဖုန်းထဲမှာ ကျနော့်ဖောင့်လေးကို ထည့်ပေးထားယုံနဲ့ ကိုယ့်မှာရှိတဲ့ Movie များကို စာတန်းထိုး srt ဖိုင်လေးထည့်ပြီး ကြည့်လို့ရမှာဖြစ်ပါတယ် ။

လိုအပ်သည့်.... ဆော့ဝဲများ / စာတန်းထိုးဖိုင်များ / ရှပ်ရှင်ကားများ / ကို အောက်တွင်လေ့လာပြီး ဒေါင်းယူပါ :)



အရင်ဆုံး "MM Subtitle Font-DjjoeMan(MMF)" ဆိုတဲ့ မြန်မာ TTF Font လေးကို ဖုန်းရဲ့တစ်နေရာမှာ ထည့်ထားလိုက်ပါ ။

ပြီးရင် ကိုယ်ကြည့်မည့်ကားနှင့် ထိုကား၏စာတန်းထိုးဖိုင်ဖြစ်တဲ့ srt ဖိုင်လေးကို ဖိုဒါတစ်ခုထဲမှာ နာမည်တူပေးထားပြီး ထည့်ထားလိုက်ပါ ။

ပြီးရင် MX Player Pro ကိုဖွင့်ပြီး ကြည့်လိုက်ယုံပါပဲ :)

အဲ့မှာ မြန်မာဖောင့်မပေါ်ပဲ တခြားဖောင့်တွေပေါ်နေပါမယ် အောက်ကရေးထားတဲ့အတိုင်း ကျနော့်ဖောင့်သွားအပ်ပေးလိုက်ပါ ။

ဗွီဒီယိုကို ဖွင့်ပြီးသည့်အခါမှာ MX Player Pro ထဲက Subtitle ရဲ့ Settings ထဲကိုဝင်လိုက်ပါ ။

Font ဆိုတဲ့ အတန်းကိုနှိပ်လိုက်ပါ ။

Select font folder ဆိုတာကို နှိပ်ဝင်လိုက်ပါ ။
( စာမတွေ့ပါက အောက်နားနည်းနည်းပွတ်ဆွဲချလိုက်ပါ )

အဲ့မှာ ရွေးချယ်ဖို့ရန် My File ထွက်လာပါမယ် ။ ဖောင့်ထည့်ထားတဲ့နေရာကိုသွားပြီး ကျနော့်ဖောင့် "MM Subtitle Font-DjjoeMan(MMF)" ဆိုတာလေးကို ရွေးပေးလိုက်ပါ ။

ကဲ.... မြန်မာစာ မှန်ကန်စွာပေါ်လာတာကို သင်တွေ့ရမှာဖြစ်သလို... မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


"MM Subtitle Font-DjjoeMan(MMF)" ကို လိုချင်သူများဒီမှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့တင်ပေးထားပါတယ်

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Fileswap လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို dataFile Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Mega လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

"MM Subtitle Font-DjjoeMan(MMF)" ဖောင့်ကို Tiny လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

MX Player Pro ကို လိုချင်သူများဒီမှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့တင်ပေးထားပါတယ်

MX Player Pro V1.7.23 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Tiny လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို dataFile Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Mega လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို FileSwap လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစာတန်းထိုးလုပ်ပေးထားသော srt ဖိုင်များအား လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ

http://subscene.com/u/654477/subtitles

www2.subscene.com/u/654477/subtitles

https://www.facebook.com/MyanmarSubtitles

http://www.myanmarsubtitlemovie.blogspot.com/

srt စာတန်းထိုးတွေ လုပ်ပေးတဲ့ မူရင်းဂရုလင့်လေးပါ ။
အဲ့မှာမန်ဘာလှမ်းဝင်ထားကြပါ ။ နေ့တိုင်းလိုလို စာတန်းထိုးတွေ တင်ပေးသလို ။
ကိုယ်လိုချင်တဲ့ကားရဲ့ စာတန်းထိုးကိုလဲ တောင်းဆိုလုပ်ခိုင်းလို့ရပါတယ် :)
https://www.facebook.com/groups/myanmarsub/

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရှပ်ရှင်ကားများကို ကြိုက်သည့်ကွာလတီနဲ့ ဒီမှာသွားရောက်ဒေါင်းယူပါ
https://www.facebook.com/photo.php?fbid=322779744531162&set=a.150086721800466.36777.100003974177436

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မှတ်ချက် >>> ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါ ။။ ။။
ကျနော်ဘလော့မှာ သေချာရှင်းပြထားပြီး လင့်တွေလဲချိတ်ပေးထားပါတယ် ။ စာကိုဆုံးအောင်သေချာဖတ်ကြည့်လိုက်ရင် သဘောပေါက်မှာပါ ။
အဲ့တာကြောင့် စာကိုဆုံးအောင် သေချာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ် ။

အရမ်းကို လွယ်ကူတဲ့လုပ်ဆောင်ချက်မို့လို့ လူတိုင်းလိုလို အဆင်ပြေနေကြပါတယ် ။
ဒါပေမယ့်လဲ တစ်ချို့နည်းပညာနဲ့ အလှမ်းဝေးတဲ့သူများအတွက် စကားလုံးများကို သဘောမပေါက်ပဲ ဘာလုပ်ရမှန်းမသိပဲ သဘောမပေါက်ကြတဲ့သူတွေရှိပါတယ် ။

( အကျဉ်းချုပ်ကတော့... ) ကိုယ်ကြည့်လိုတဲ့ကားရဲ့ မြန်မာစာတန်းထိုး srt ဖိုင်လေးကို ကျနော်ညွှန်ပြထားတဲ့ဆိုက်မှာ သွားရောက်ရှာဒေါင်းပါမယ် ။

ထိုစာတန်းထိုးပေးထားတဲ့ ကားနာမည်ရဲ့ရုပ်ရှင်ကားကို မိမိကြိုက်ရာနေရာကဒေါင်းပါ ။ Movie တွေရှိတဲ့ဆိုက်ကိုလဲ ကျနော်ညွှန်ပြပေးထားပါတယ် ။
မိမိမှာ ထို Movie ရှိပြီးသားဆိုရင်တော့ စာတန်းထိုး srt ဖိုင်လေးဒေါင်းလိုက်ယုံပဲပေါ့ ။

ပြီးရင်..ဖိုဒါတစ်ခုထဲမှာ Movie နဲ့ srt ဖိုင်လေးကို နာမည်တူရေးပြီး ထည့်ထားပါမယ် ။

ပြီးတာနဲ့ ဖွင့်ကြည့်လိုက်ယုံပါပဲ မြန်မာစာတန်းထိုးနဲ့ ဖွင့်လာတာကိုတွေ့ရပါမယ် ။

မြန်မာစာအဆင်မပြေပဲ တခြားစာတွေဖြစ်နေပါက ကျနော့်ဖောင့်လေးကို ကျနော်ပြထားသလို သွားအပ်လိုက်ပါ အဆင်ပြေသွားပါပြီ :)

တစ်ခုသိထားရမှာက srt ကို ဒေါင်းပြီးရင် Zip ဖြေရပါဦးမယ် ။ သူတို့က Zip ချုပ်ပြီးတင်ပေးထားလို့ပါ ။ Zip ဖြေလိုက်မှ အထဲက srt ဖိုင်အဖြူလေး ထွက်လာမှာဖြစ်ပါတယ် ။

Android ဖုန်းနဲ့ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Zip တို့ Rar တို့ဖြေနိုင်တဲ့ဆော့ဝဲကတော့ Simple Unrar ဆိုတဲ့ ဆော့ဝဲပါပဲ မားကပ်မှာဖရီးပေးထားပါတယ် လိုချင်သူများသွားရောက်ဒေါင်းယူပါ ။

မားကပ်ဝင်ဒေါင်းရမှာ အဆင်မပြေဘူးဆိုပါ ကျနော့်ဒီလင့်မှာတင်ပေးထားပါတယ် သွားရောက်ဒေါင်းယူလိုက်ပါ ။ ပုံနှင့်တကွလဲ ပြသထားပါတယ်
http://freemobilesharing.blogspot.com/2014/03/simple-unrar-for-android.html

အားလုံးပဲ သဘောပေါက်ကြရင်း အဆင်ပြေကြပါစေလို့...... မျှော်လင့်ပါတယ် :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကွန်ပြူတာနဲ့ ကြည့်ချင်သူများကတော့ ဒီမှာသွားရောက်လေ့လာ ဒေါင်းယူပါ :)
http://freemobilesharing.blogspot.com/2014/03/myanmar-subtitle-font-djjoemanmmf-for-pc.html

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ..... :)

Credit to>>>>> DjjoeMan(MMF)  http://freemobilesharing.blogspot.com/

Monday, February 17, 2014

Change Win fonts to Zawgyi fonts

Copy the Myanmar fullstop character and use as an escape character to mark English words. For example, for the text "aeaumif;ygvm; John", you can put the Myanmar fullstop character (။) in front of "John" and behind it. Like so, "aeaumif;ygvm; ။John။" and "John" will not be converted to Zawgyi code.
Copy ->  Win Font (Click to change display font for textbox  

 Text converted and shown below in Zawgyi code.


Creadit to>>> http://www.planet.com.mm/

Wednesday, December 11, 2013

pc windows 8 မှာ viber မြန်မာလိုပေါ်အောင်းလုပ်နည်း




Viber အတွက်မြန်မာစာရိုက်လိုက်တိုင်းလေးဒေါင့်အတုံးတွေပေါ်နေရင် ဒီကောင်လေးကို ဒေါင်းပြီး install လုပ်ပါ


ဖိုင်ဒေါင်းလို့ရလာရင် ဒီလိုလေး install လုပ်ပါ ပြီးရင်စက်ကို restart ချပေးလိုက်ပါ
အဆင်ပြေမှာပါ

Friday, August 16, 2013

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ ကျနော်အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ…။ ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။

အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။

အဆင့်(၂) ပုံမှာပြထားတဲ့အတိုင်း Advaced Settings ဆိုတာကို ကလစ်လိုက်ပါ...။


အဆင့်(၃) ပုံမှာပြထားတဲ့အတိုင်း Override for default input method ဆိုတာကိုရှာပါ...။ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်ပါ...။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ...။

Download For Zawgyi-One font

Download for Zawgyi keyboard

Download for IE Zawgyi Gtalk Font

Tuesday, June 11, 2013

Unicode To Zawgyi Convertor



Step: 1 Use Unicode Font to type/or paste Unicode text here and then, press Convert button below:
Step: 2

ZawGyi Output will show below:

Credit: ဤ Converter သည် ကိုငွေထွန်း၏ paragu converter ကိုအခြေခံ၍ ဖန်တီးထားခြင်းဖြစ်ပါသည်။


Zawgyi to Unicode convertor

Unicode Converter - Myanmar IT Development
Press [Alt + N] to switch Zawgyi ZawGyi Keyboard On/Off
Converted myanmar3 font below

Myanmar IT Developement မှကူးယူဖော်ပြပါသည်

Flower fonts



ပန်းစားလုံးဖောင့်များဖေါ်ချင်သူများအတွက်ပါ
Fonts 18 မျိုးပါဝင်သည်
http://adf.ly/2324890/fonts

Tuesday, April 9, 2013

Sanmyanmar



sanmyanmar 2.5 with zawgyi ဒီမှာ

Sunday, August 12, 2012

Myanmar unicode 3 နှင့် ကီးဘုတ်သွင်းနည်း

လက်ရှိ update ဖြစ်တဲ့ Myanmar3 font ကို ဒေါင်းလုဒ်လုပ်ပြီး Control Panel/Fonts folder ထဲကို သွားထည့်ပါ။ ပြီးရင် အက္ခရာကီးဘုတ်ကို အောက်က လင့်၂ ခု မှာ သက်ဆိုင်ရာ ၀င်းဒိုးအလိုက် ဒေါင်းလုဒ်ယူပြီး Install လုပ်ပါ..။

windows 32bit 64bit များအတွက် (v-1.9_x86_64.9)

အက္ခရာကီးဘုတ်ကို အင်စတော လုပ်တဲ့အခါမှာ အောက်ကပုံမှာပြထားသလို မြန်မာ၃ ဖောင့်ကို ရွေးချယ်ပေးဖို့မမေ့ပါနဲ့။

Source .mmitd

Thursday, July 19, 2012

ZAWGYI FONTS 32 BIT & 64 BIT







၁)  windows 32အတွက် zawgyi 32 bit os  ဒီမှာ  
၂)  zawgyi 64 bit os ဒီမှာ


အကယ်ရ်ျ windows 8 64 bit ဆိုလျှင် ၁ နှင့် ၂ကို ပါ တစ်ခါတည်းဒေါင်းပြီး
အင်စတောလုပ်ပါ...