Monday, June 10, 2013

Parallel Desktop






မင်္ဂလာပါ … ဘလော့ဂ်လဲ မရေးဖြစ်တာကြာသွားတယ်။ စာတွေများတာနဲ့ ဘလော့ဂ်ကို လှည်မကြည့်ဖြစ်တာ.. အခုတော့ စာမေးပွဲနီး စာကြည့်ဖို့အချိန်ပေးမှဘဲ စာကြည့်မဲ့အချိန် ထဲကနေ ပြီးတော့ ဘလော့ဂ်အတွက်အချိန်နည်းနည်းပြန်မျှပြီးရေးတာပါ။
အခုတော့ ကျွန်တော်လဲ Windows ကနေ Mac ကိုပြောင်းကိုင်တော့ အချို့နေရာတွေမှာ
Windows မှာ လုပ်ရကိုင်ရတာနဲ့၊ ပြီးတော့ ကိုယ့်မှာ ရှိတဲ့ အချို့ Software ကိုအသုံးပြု
ချင်တဲ့ အခါမှာ Computer လဲ နှစ်လုံးမကိုင်ချင်ဘူး။ပြီးတော့ File တွေလဲ ဟိုပြောင်းဒီပြောင်း လုပ်ရတာအဆင်မပြေတော့ Computer တခုထဲမှာဘဲ Windows နဲ့ Mac ကိုအသုံးပြုချင်တယ်
ဒီတော့ OS နှစ်ခုတင်ပြန်တော့လဲ Windows သုံးတဲ့အချိန်မှာMac သုံးလို့မရပြန်ဘူး။ ဆိုတော့ဘဲ စိတ်တိုင်းမကျပြန်ဘူး ဒါနဲ့ Virtual ကိုသုံးကြည့်တယ် ဒါလဲ USB, ပြီးတော့ network တို့ မဆင်မပြေပြန်ဘူး. နောက်ဆုံးတော့ အခုကျွန်တော်သုံးနေတဲ့ ParallelDesktop နဲ့ဘဲအဆင်ပြေဆုံးဖြစ်နေတော့ ကျွန်တော့်ရဲ့ မိတ်ဆွေများလဲ ကျွန်တော်လို့ ကြုံတွေ့နေရရင် အသုံးပြုဖို့အကောင်းဆုံးဖြစ်တဲ့ ဒီ Parallel Desktop ကို ဝေမျှပေးလိုက်ပါတယ်။
ကယ် Software တော့ မတင်ပေးတော့ဘူးနော် အားလုံးသိတဲ့အတိုင်း ကျွန်တော်လဲ pirate software ကို
အားမပေးချင်ဘူး ဒီတော့ ကိုယ်ဟာကိုယ် thepirate.com မှာ torrent ဒေါင်းလိုက်ပါနော်။ ဒါမှမဟုတ်လဲ
Pirate Software တွေကို တင်ပေးတဲ့ Site တွေ ပူဆာလိုက်ပါ။

http://www.parallels.com/products/desktop/

creadit to= IT Reshare Site