Friday, October 3, 2014

Premier League Live 2014/2015 Apk

ဒီ application လေးကတော့ ဘောလုံးဝါသနာရှင်တို့ အတွက် အကောင်းဆုံးလို့ ဆိုရမယ့် app လေးပါ။ အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်ရဲ့ Live Score တွေ၊အမှတ်ပေးဇယား၊ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ကစလို့ ပွဲစဉ် ၃၈ အထိ ပွဲစဉ်အချိန်ဇယား၊ ကန်ပြီးသွားတဲ့ပွဲစဉ်တွေရဲ့ရလဒ်တွေကစလို့ ဂိုးသွင်းအများဆုံး သူစာရင်းတို့ ကိုပါ ကြည့်ရှုနိုင်ပါတယ်။ Live ကန်နေတဲ့ ဘောလုံးပွဲရလဒ်ကို အင်တာနက်ခဏဖွင့်ပြီး update လုပ်လိုက်ရုံနဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် အပြင် နောက်ဆုံးရသတင်းတွေကိုလည်း တစ်ခါအင်တာနက်ဖွင့်ပြီးသွားရင် offline အနေနဲ့လည်း အင်တာနက်မလိုဘဲ ပြန်ကြည့်နိုင်ပါတယ်။
ဒီကောင်လေးရဲ့စွမ်းဆောင်ချက်တွေကတော့

1။ နံပါတ် ၁ - News မှာ မိမိအားပေးတဲ့အသင်းကို application ဖွင့်ဖွင့်ချင်းရွေးချယ်ထားရုံနဲ့ အသင်းရဲ့သတင်းတွေ၊အသင်းလူစာရင်း၊အသင်းရဲ့ရလဒ်တွေ၊နောက်ကန်မယ့်ပွဲစဉ်တွေ အပြင် အသင်းကစားသမားတွေရဲ့ ပရိုဖိုင်ကိုပါကြည့်ရှုနိုင်မှာပါ။

2။ Fixture မှာ - England Premier League ရဲ့ပွဲစဉ်အစကစလို့ နောက်ဆုံးပွဲစဉ် ၃၈ အထိ ပွဲစဉ်ရလဒ်တွေ၊ နောက်ကန်မယ့်ပွဲစဉ်တွေရဲ့ မြန်မာစံတော်ချိန်ဇယားတွေကိုကြည့်နိုင်မယ့်အပြင် ချန်ပီယံလိဂ်၊ FA ဖလား၊ ယူရိုပါလိဂ်၊ Capital One ပွဲစဉ်တွေရဲ့ Results ၊ Fixtures တို့ ကိုပါကြည့်ရှုနိုင်ပါတယ်။

3။ Table မှာတော့ Premier League, Champions League, Europa League တို့ ရဲ့ အမှတ်ပေးဇယားတွေကို အိမ်ကွင်း၊ အဝေးကွင်းရလဒ်တွေကို အင်တာနက်တစ်ခါဖွင့်လိုက်ရုံနဲ့ တိတိကျကျဖော်ပြပေးမှာပါ။

4။Statsမှာတော့PremierLeagueရဲ့ဂိုးသွင်းအများဆုံးသူစာရင်၊ ပေးပို့ မှုအများဆုံသူစာရင်းတွေအပြင် ဂိုးပေါက်ကန်သွင်းမှုအများဆုံးစာရင်း၊ လူကျွံဘော၊အ၀ါကတ်၊အနီကတ်အများဆုံးသူစာရင်း စတာတွေကိုပါ စုံစုံလင်လင်ကြည့်နိုင်ပါတယ်။

5။ Head To Head ကတော့ ဘောလုံးပွဲလောင်းမယ့်သူတွေအတွက် သိပ်အသုံးဝင်မယ့်functionတစ်ခုပါ။ကိုယ်ကြိုက်တဲ့အသင်းနှစ်သင်းကို ရွေးပေးပြီးသူတို့ နှစ်သင်းတွေ့ ဆုံခဲ့တဲ့ နောက်ဆုံး၅ပွဲရဲ့ရလဒ်အသေးစိတ်ကိုပါ ဖော်ပြပေးသွားမယ့်အပြင် အင်တာနက်ပေါက်ကြေးကိုပါ ဖော်ပြပေးပါတယ်။

6။ Teams မှာတော့ ပရီးမီးယားလိဂ်အသင်းအကုန်လုံးရဲ့ နောက်ထပ်ပွဲစဉ်တွေ၊ ကစားသမားစာရင်းတွေ၊ သတင်းတွေကိုပါ အသင်းစိတ်ကြိုက်ရွေးပြီး ကြည့်နိုင်ပါတယ်။

7
။ Settings မှာ မိမိအားပေးတဲ့အသင်းကို ပြန်လည်ရွေးချယ်နိုင်ပြီး အသင်းရဲ့
နောက်ဆုံးရသတင်းတွေကို ဖတ်ရှုနိုင်ပါတယ်။

ဒီကောင်လေးရဲ့ အထူးအားသာချက်နောက်တစ်ခုကတော့ ကစားသမားတိုင်းရဲ့ ပရိုဖိုင်ကိုပါ ကြည့်ရှုနိုင်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ မွေးနေ့ ၊အရပ်၊နိုင်ငံသား၊ကစားတဲ့နေရာတွေအပြင် သူ့ ရဲ့ ကိုယ်ရေးအကျဉ်းကိုပါ ဖတ်ရှုနိုင်ပါတယ်။

တစ်ခါအင်တာနက်ဖွင့်ထားပြီuးpdateလုပ်ပေးရုံနဲ့ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေရဲ့ရလဒ်တွေကိုအချိန်နဲ့တစ်ပြေးညီကြည့်နိုင်မယ့်အပြင်မိမိနှစ်သက်အားပေးတဲ့အသင်းရဲ့ နောက်ဆုံးရသတင်းတွေကိုလည်း မလွတ်တမ်းဖတ်ရှုနိုင်မယ့် Application ဖြစ်တာကြောင့် ဘောလုံးပရိသတ်များအတွက်ဝေမျှပေးလိုက်ပါတယ်။

ဒေါင်းရန်>>> https://db.tt/myN3LxIP<<<