Tuesday, April 2, 2013

Default shortcut key

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\Current Version\App Paths
အဲ့လမ်းကြောင်း အတိုင်း ရောက်ပြီ ဆိုတာနဲ့ ... ".exe" နဲ့ ဆုံးတဲ့ .. keyword တွေကို တွေ့ ရမှာ ဖြစ်ပါတယ် ... ။ သူကတော့ .. windows က default ပေးထားတဲ့ ... shortcut command တွေပါ ... ။ run box ကို ဖွင့်ပြီး စမ်းသပ် ကြည့်နိုင်ပါတယ် ... ။ run box မှာ ရိုက်ရမှာတော့ .. ".exe" ထည့်ပေးစရာ မလိုပါဘူးး ။ ( မိမိ အမြဲတမ်း အသုံးပြုနေကြ program ရဲ့ keyword ကို မှတ်သားထားပြီး အလွယ်တကူ ဖွင့်ပေးနိုင်ပါတယ် ... ။ )
အဲ့ဒါဆိုရင်တော့ ... windows က ပေးထားတဲ့ .. default shortcut key တွေကို သိသွားလောက်ပြီ ထင်ပါတယ် ... ။ ပြီးရင်တော့ .. ကိုယ်အသုံးပြုချင်တဲ့ .. program ရဲ့ .. shortcut command တစ်ခုကို .. ကိုယ့်စိတ်ကြိုက် ဖန်တီးတည်ဆောက် ကြည့်ရအောင်ဗျာ ... ။
အရင်ဆုံးးး App Path (right click) -->> New -->> Key ကို အရင် ခေါ်လိုက်ပါ ... ။ 
အောက်ပါ ပုံအတိုင်း Key လေး တစ်ခု ရရှိလာပါလိမ့်မယ် ... ။

အဲ့ဒါဆို ... ဘယ်ဘက်က .. New Key#1 ဆိုတာလေးကို .. ကိုယ်ဖွင့်ချင်တဲ့.. program ရဲ့ နာမည် အတိုင်း ( ကိုယ် run box မှာ ရိုက်ချင်တဲ့ အတိုဆုံး နာမည် ) ပေးပြီး ".exe" နဲ့ အဆုံးသတ်ပေးလိုက်ပါ ... ။
ဥပမာ - gtalk.exe ဆိုပါစို့ ... ။
ပြီးတာနဲ့ ..ညာဘက်က .. default icon လေးမှာ double click နှိပ်ဖွင့်ပြီးးး gtalk ရဲ့ လမ်းကြောင်းလေး အတိုင်းးး သွားပြီး ထည့်ပေးလိုက်ပါ ... ။ ( shortcut ပေါ်မှာ right click -->> properties -->> open file location အတိုင်း သွားပြီး ထည့်ပေးရမှာပါ ... ။ )
gtalk အတွက် ဆိုရင်...
C:\Program Files\Google\Google Talk\googletalk.exe
လို့ ထည့်ပြီးး OK ပေးလိုက်ပါ ... ။
 ပြီးတာနဲ့ .. run box ကို ခေါ်ပြီး gtalk လို့ ရိုက်ထည့် ကြည့်လိုက်တာနဲ့ ... gtalk box လေး အလွယ်တကူနဲ့ ကျလာမှာ ဖြစ်ပါတယ် .... ။ တစ်ခြားးး ကိုယ် ဖွင့်ချင်တဲ့ ... program များကိုလည်း အထက်ပါ နည်းလမ်း အတိုင်း လုပ်ဆောင် ပေးပြီး လွယ်ကူစွာနဲ့ .. ဖွင့်နိုင်ပါတယ် ... ။ ( အရေးကြီးတာက .. Path လမ်းကြောင်းကို မှန်အောင် ထည့်ပေးဖို့ ပါ .... ။ )
အဲ့ဒါဆို ရင်တော့ ... run box မှာ ရိုက်ဖို့ အတွက် ... command ကို .. နည်းလမ်း နှစ်ခုနဲ့ .. တည်ဆောက်လို့ ရနိုင်ပါပြီ .. ။ မိမိ အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုပြီး တည်ဆောက်နိုင်ပါတယ် ... ။
ကျွန်တော် ခုလို .. တည်ဆောက်ကြည့်လိုက်တာ .. ကျွန်တော့် အတွက် ရလာတဲ့ .. အကျိုး အမြတ် တစ်ခုကတော့ ..... Windows 7 မှာ Default ပါတဲ့ .. dvdmaker လေး အကြောင်း သိရှိခွင့်ရလိုက်တာပါပဲ ... ။ ( Windows 7 သမားများအတွက်သာ ... ။ )
shortcut keyword များကို တစ်ခုပြီး တစ်ခု လိုက်လံ စမ်းသပ်ရင်းးး run box မှာ dvdmaker လို့ ရိုက်လိုက်တော့ ...